အခန်း(၄၀) ငါးစာတော့ချလိုက်ပြီ
"ဒီနေ့ခင်များပုံစံကကြော့မော့နေတာပဲဗျာ GMချန် ။ ခင်များဘယ်လိုလုပ်ကျူပ်တို့ကိုဒီလိုလုပ်ရက်တာလဲ'' ရယ်သံတစ်ချို့နှင့်အတူ ဟိုတယ်၏ခန်းမကြီး၌ပင်အသက်၄၀ ဝန်းကျင်အမျိုးသားတစ်ဦးကချန်အန်းကို ကိုယ်တိုင်လာရောက်နှုတ်ဆက်သည်။
ချန်အန်းအပြုံးတစ်ခုနှင့်အတူထိုအမျိုးသားကိုကြည့်လိုက်သည်။ထိုအမျိုးသား၏ပုံပန်းသဏ္ဌာန်က၅၀နီးပါးဖြစ်နေသော်လည်း အမှန်စင်စစ်မှာမူ၄၀ဝန်းကျင်သာရှိသေးသည်။ ဒါတွေအားလုံးကသူ့ရဲ့လောကဝတ်အရဖိတ်ကျွေးသမျှစားသောက်နေခြင်းနှင့် ဝိုင်အရက်ကိုမရှောင်သောကြောင့်ဖြစ်သည်။
"ခင်များလည်းပြောင်းလဲချင်လို့လား GMမာထျန်း ဒါဆိုကျူပ်နဲ့အတူGym လိုက်ဆော့ရင်ဘယ်နဲ့လဲ''
ချန်အန်းပြုံးပြီး သူ့အကြည့်တို့ကGMမာ၏ပြည့်ဖောင်းနေသောမျက်နှာမှဝိုင်စည်အိုးဗိုက်ဆီရောက်သွားသည်။ လွန်ခဲ့တဲ့၆လကျော်လောက်ကသူ့ဗိုက်လည်းဒီလူဗိုက်ထက်မသေးခဲ့ပါဘူး။
ထို့နောက် ချန်အန်း GMမာနှင့်အတူ ပရဟိတအတွက်လေလံပွဲအခမ်းအနားရှိရာ receptionဆီသို့လျှောက်သွားလိုက်သည်။ GMမာက ဟောင်ကောင်ကသူ့အသိတစ်ယောက်ပဲ။
တိုက်တိုက်ဆိုင်ဆိုင်တွေ့ခဲ့တာလို့ထင်ရပေမယ့်တကယ်တမ်းတော့အားလုံးကချန်အန်းအစီအစဉ်အတိုင်းတွေ့ခဲ့တာပဲ။
သူချန်ကျန်းအန်းဘဝတုန်းကလည်းဒီလူကိုသူသိတယ်။သူ့ရဲ့လက်နက်အရောင်းအဝယ်လုပ်ငန်းအပြင် သူအခြားအရာတွေမှာလည်းရင်းနှီးမြှုပ်နှံထားတယ်။ အကျိုးတူဖက်စပ်လုပ်ငန်းတွေလိုမျိုး သူ့ဝင်ငွေကိုမနှောင့်နှေးစေမယ့်အရာအားလုံးပေါ့။လူတိုင်းမှာသူတို့စိတ်ဝင်စားတဲ့အရာကိုယ်စီရှိကြတယ်။တစ်ခါတစ်လေမှာတော့အဲ့ဒီအတွက်တွန်းအားတစ်ခုတော့လိုတယ်။မင်းလိုချင်တဲ့အရာကိုမင်းဘယ်ကနေစပြီးယူရမယ်ဆိုတာမင်းသိရင် မင်းရည်ရွယ်ချက်အောင်မြင်ဖို့ကအသေချာပဲပေါ့။
GMမာ ကချန်အန်းလိုချင်တာအကုန်လုံးကိုနားလည်တယ်။ ချန်အန်းမှာရင်းနှီးမြှုပ်နှံဖို့ငွေရှိနေသ၍နှစ်ဦးနှစ်ဖက်အဆင်ပြေတာပဲ။ သူတို့ဘယ်လိုသိခဲ့ကြသလဲဆိုတော့ ဟောင်ကောင်က ခရစ္စတင်း ရဲ့ လက်ရေးလှနဲ့ပန်းချီကားလေလံတင်ပွဲတစ်ခုမှာဖြစ်တယ်။ ချန်ယန်းရဲ့လက်ရေးကြောင့်သူတို့ရင်းနှီးသွားကြတာလည်းပါတယ်။
ŞİMDİ OKUDUĞUN
Rebirth of Chen An【Zaw + uni】
Romantizmလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...