အခန်း (၁၆၅) စီးပွားသစ်စပြီ

1.5K 158 8
                                    

အခန်း (၁၆၅) စီးပွားသစ်စပြီ

ရှေးကတည်းကပြောကြသလိုပဲ အစားအသောက်ဟာလူသားတို့၏ပထမအရာဖြစ်သည်။ စားစရာမရှိလျင် အိမ်မက်များမည်မျှပင်ကြီးကျယ်ခမ်းနားစေဦး ရွှေဘုံစည်းစိမ်ပေါ်ထိုင်နေပေဦး ဘာမှအဓိပ္ပါယ်ရှိမည်မဟုတ်။
အကယ်၍ လူတစ်ဦးဟာ ကား၊လေယာဥ်သို့မဟုတ်ဇိမ်ခံပစ္စည်းတွေရောင်းမည်ဆိုလျင် ကမ္ဘာစီးပွားရေးဒီရေလှိုင်းသည် ထိုသူ၏စီးပွားရေးတွင်းကြီးမားစွာသက်ရောက်မှုရှိလိမ့်မည်။ ခက်ခဲသည့်ကာလများတွင်ထိုစီးပွားရေးလုပ်ငန်းအများစု က စီးပွားရေးရေစီးကြောင်းပြောင်းလဲမှုမှာ အဦးဆုံးစတေးခံကြတတ်သည်။ ဒါပေမဲ့ ကောက်ပဲသီးနှံရောင်းဝယ်ခြင်းကိုလုပ်မည်ဆိုလျင်တော့ ကမ္ဘာ့စီးပွားရေးသဏ္ဍာန်မည်သို့ပင်ပြောင်းလဲစေကာမှု စီးပွားရေးအခွင့်အလမ်းရှားမည်မဟုတ်။

'' အာဖရိက က နေရာကောင်းပဲ။ မြေဆီကောင်းပြီးနေရောင်ကောင်းကောင်းရတယ်။ မျိူးစေ့ချလိုက်တာနဲ့အပင်သန်ဖို့မလွဲဘူး။ သတ္တုတွင်းထွက်နဲ့စိန်လည်းလို သဘာဝတွင်းထွက်ပစ္စည်းလည်းပေါသေးတယ်။ ဘယ်ပြောတတ်မလဲ ငါတို့လယ်လုပ်ရင်းရေနံတွေစိန်တွေတူးချင်တူးမိနိုင်တာပဲ။''

အာဖရိကတိုက်ကိုရောက်တော့ချန်အန်းလေယာဥ်ပြတင်းပေါက်နေလှမ်းကြည့်လိုက်သည်။ မြူဆိုင်းတိမ်ဝိုင်းနေသောရှုခင်းနောက်မှ စိမ်းလန်းသည့်တောအုပ်ဖုံးလွှမ်းထားသောမြေသည် နေရာမရွေးစိုက်ပျိူးရန်စောင့်ဆိုင်းနေသည်။ သူဘာစိုက်ရင်ကောင်းမလဲ ပြောင်းဖူးလား ဂျူံလား။

'' ဒီနေရာက အရမ်းကိုအံ့ဩစရာကောင်းတဲ့နေရာဖြစ်လျက်နဲ့ ကမ္ဘာမှာတိုးတက်မှုနောက်အကျဆုံးနေရာဖြစ်နေတာတော့အံ့ဩစရာပဲ။ '' တင်းရှန်းလည်းပဲချန်အန်းတို့နှင့်အတူလိုက်ပါလာခဲ့သည်။ သူ့အနေနဲ့ကမ္ဘာပတ်ခရီးထွက်ဖြစ်ပေမယ့်လို့အာဖရိက ကတော့သူမကြာခဏလာဖြစ်သည့်နေရာတော့မဟုတ်ပေ။

'' မြေဆီလွှာကကောင်းပါလျက်နဲ့ ဒီတိုက်ပေါ်ကနိုင်ငံတော်တော်များများကတော့ သူတို့လူတွေကိုကျွေးဖို့စားစရာအလုံအလောက်မရှိကြဘူး။ နှစ်တိုင်းလူပေါင်းများစွာငတ်ပြတ်နေကြရတယ်။ '' လုဖုန်းကမရောက်ခင်တည်းက နိုင်ငံအကြောင်းစုံစမ်းထားပြီးသားပင်။ သူ့အနေနဲ့ချန်အန်းဆုံးဖြတ်ချက်ကို သံသယဝင်စရာမရှိ ချန်အန်းအာဖရိကမှာလယ်စိုက်မယ်လည်းဆိုဆိုချင်း သူနောက်ကလိုက်ခဲ့တာပဲ။ ချန်အန်းဆန္ဒရှိတယ်ဆို ဝက်ကျောင်းရလည်းသူလက်နှေးနေမှာမဟုတ်ပင်။

Rebirth of Chen An【Zaw + uni】Where stories live. Discover now