အခန်း (၁၆၈) ကတိပေးထားတယ်လေ

971 125 8
                                    

အခန်း (၁၆၈) ငါ့ကိုကတိပေးထားတယ်လေ

ကြည်လင်ပြတ်သား၍ သာယာနာပျော်ဖွယ် လူမည်းအဆိုတော်အမျိူးသမီးအသံက ဘားအတွင်းတွင်ငြိမ့်​ညောင်းစွာပြန့်လွင့်နေသည်။ အရက်ခွက်ကိုလက်တွင်ကိုင်လျှက် အထီးကျန်နှလုံးသားများနှင့်ယောကျ်ားမိန်းမတို့မှာ မိမိတို့အားတစ်ညတာနှစ်သိမ့်ပေးနိုင်မည့်သူ့ကိုဖွေရှာနေကြသည်။ ထိုရပ်ဝန်းသို့ တိုင်းတစ်ပါးသားမှန်းထင်သာလွန်းသောလူတစ်ဦး တံခါးဖွင့်လျှက်လှမ်းဝင်လာခဲ့သည်။ ထိုသူ့ဆီမှထွက်ပေါ်နေသော နူးညံ့ယစ်မှုးဖွယ်ဂုဏ်ရှိန်နှင့် ကျစ်လစ်သွယ်လျသောကိုယ်ဟန်က မျက်လုံးများကိုမဆွဲဆောင်မိဘဲမနေစေပေ။

သူ၏တောက်ပသောမျက်လုံးတစ်စုံက မျက်ထောင့်အစွန်းတွေအနည်းငယ်ကော့တက်နေဟန်ရှိသည်။ ကြည်လင်သောပုံရိပ်နှင့် ယစ်မူးသိမ်မွေ့ သောအရှိန်အဝါက သူ့ကိုတခြားသူတို့နှင့်ကွဲထွက်နေစေသည်။ ဤကဲ့သို့ယောက်ျားက မည်သည့်နေရာတွင်မဆို သမင်လည်ပြန်မိစေမည့်သူမျိူးမို့ ယခုဘားတွင်လည်းချွင်းချက်မရှိပေ။

ချန်အန်းက ဘားအတွင်းဝေ့ကြည့်လိုက်သော်လည်း သူရှာနေသူကိုမတွေ့ရသောကြောင့်အတွင်းထဲသို့ ဆက်လျှောက်လာခဲ့သည်။ သိပ်ကြာကြာပင်မလျှောက်လိုက်ရ စားပွဲထိုးလေးမှသူ့ဆီအရက်တစ်ခွက်ယူလာသည်။ '' Sir ဒါက မစ္စတာလီယွန်ဆီကပါ''

စားပွဲထိုးကိုင်လာသောငွေရောင်လင်ဗန်းပေါ်တွင် ဝိုင်နီတခွက်နှင့်အတူ ကျူးလစ်ပန်းတစ်ပွင့်ပါရှိနေသည်။ ချန်အန်းက ရနံသင်းပြီးအဆင်းလှသောထို ဝိုင်ခွက်ကို မကြည်မသာကြည့်ပြီး ငြင်းလိုက်သည်။ '' အဲ့ဒီလူကြီးမင်းကိုပြန်ပြောလိုက်ပါ ဝိုင်အတွက်ကျေးဇူးတင်ပါတယ် ဒါပေမဲ့မသောက်တော့ဘူးလို့''

'' မင်းတို့ ဆံပင်ရွှေရောင်နဲ့မျက်လုံးအပြာရောင်ရှိတဲ့လူတစ်ယောက်ကိုမြင်လိုက်သေးလား။ သူ့ပုံစံက အရှေ့ပိုင်းဥရောပသားရုပ်မျိုးပဲ'' ချန်အန်းက ငွေစက္ကူတစ်ရွက်ကို ရှေ့တိုးပြီးမေးလိုက်သည်။

'' ခင်များရှာနေတဲ့သူက booth 3 နားမှာရှိမယ်ထင်တယ်။ ဒါပေမဲ့ လူကြီးမင်း..ဒီဝိုင်ကိုမသောက်တော့ဘူးဆိုတာသေချာရဲ့လားဗျ။'' စားပွဲထိုးလေးအသံက အနည်းငယ်တုန်ရီနေသလိုချန်အန်းကိုသေချာစွာပြန်မေးလိုက်သည်။ '' မစ္စတာလီယွန်က သိပ်တော့ကျေနပ်မှာမဟုတ်ဘူးဗျ။ သူကသွားဆွသင့်တဲ့သူမျိူးမဟုတ်ဘူး လူကြီးမင်းသူ့တိုက်တာကိုငြင်းလိုက်မယ်ဆိုရင် လူကြီးမင်းတခြားနေရာကိုသွားလိုက်တာပိုကောင်းပါလိမ့်မယ်''

Rebirth of Chen An【Zaw + uni】Dove le storie prendono vita. Scoprilo ora