အခန်း(၄၄) ငါးဟက်သလား?အစာချကျွေးသလား?
လုဖုန်းမသေချင်ဘူး။အကြောင်းပြချက်ကသူကြောက်လို့မဟုတ်ဘူး။ သူကြောက်တာကသူသေသွားရင် ချန်ကျန်းအန်း လို့ခေါ်တဲ့လူကိုမေ့သွားမှာကိုပဲ။
ကျောက်စိမ်းသေတ္တာငယ်ကိုသူ့ရှေ့စားပွဲပေါ်မှာထားပြီး လုဖန်းအတန်ကြာငေးကြည့်နေမိတယ်။ သေချာတာကသူကြည့်နေရင်းအတိတ်ကိုပြန်စဉ်းစားနေတာပေါ့။ လက်နှစ်ဖက်စလုံးကို ကျောက်စိမ်းဗူးပေါ်တင်ပြီးသူစိတ်ကူးကြည့်တယ်။ သူကျန်းအန်းမှာမရှိသေးတဲ့အချိန် အဲ့ဒီလူကောဒီသေတ္တာလေးကိုဘယ်လိုထိတွေ့ခဲ့မလဲ။သူဘယ်လို ကျန်းလဲ့ပေးခဲ့မလဲ။
ဒီသေတ္တာဗူးကကျန်းအန်းရဲ့တစ်ကြိမ်ထိတွေ့ခြင်းကိုခံရဖူးတယ်။ အဲ့ဒီအရောင်းအဝယ်သမားရဲ့ထိတွေ့ခြင်းကိုတစ်ကြိမ်ခံရဖူးတယ်။"ကျန်းအန်း....'' သူခပ်တိုးတိုးအဲ့ဒီနံမည်ကိုထပ်ခါထပ်ခါရေရွတ်မိတယ်။အရမ်းကိုနာကျင်ရသလိုအရမ်းကိုလည်းလွမ်းတယ်။ အလွမ်းဓာတ်ကပြင်းထန်လေသူပိုခံစားရလေပဲ။ ရုန်းကန်ခြင်းကြောင့်နာကျင်ရတဲ့ခံစားမှုအတွက် သူက လုဖုန်းကိုအသက်ရှင်ခြင်းရဲ့အဓိပ္ပါယ်ကိုနားလည်လိုစေခဲ့တယ်။ အခုလုဖုန်းအသက်ရှင်နေရတဲ့အဓိပ္ပါယ်ကိုနားလည်သွားပြီ။
ကျောက်စိမ်းသေတ္တာကိုဖြည်းဖြည်းချင်ဖွင့်လိုက်တဲ့အခါအနီရောင်sealကပ်ထားတဲ့စာအိတ်တစ်အိတ်ကိုမြင်လိုက်ရတယ်။ အစောကတွေဝေငေးမှိုင်နေတဲ့မျက်နှာဟာအခုတော့တဖန်ပြန်လည်အေးစက်လာတော့တယ်
"ကျောက်စိမ်းသေတ္တာထဲစာထည့်တာဘယ်သူလဲ''
ဓားအသွားလိုဖိအားမျိုးနဲ့လေသံကြောင့်မလှမ်းမကမ်းမှာရပ်နေတဲ့ အစောင့်မှာလက်ဖဝါးချွေးပင်ပြန်လာတော့သည်။
"ဥက္ကဋ္ဌလု ၊ အဲ့တာလေလံပွဲအခမ်းနားမှူးကကျေးဇူးတင်ကြောင်းပေးတဲ့စာပါ''"ကျေးဇူးတင်စာ?'' လုဖုန်းကျောက်စိမ်းသေတ္တာထဲကစာအိတ်ကိုဖွင့်ဖို့ယူလိုက်တော့ စာအိတ်ကိုပိတ်ထားတဲ့ ဖယောင်းနီကိုမြင်ပြီး သွေးတို့ပွက်ပွက်ဆူလာတော့သည်။
ESTÁS LEYENDO
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...