အခန်း(၁၁၇)
"မယုံသင်္ကာဖြစ်နေက တဲ့ဆီးရီးယားစစ်သွေးကြွပြည်သူတွေ နောက်ဆုတ်သွားပါပြီ။ သူတို့ကလူပြိန်းဆိုပေမယ့်လည်း လက်နက်ရဖို့ကျွန်မတို့အပေါ်မှီခိုရမှာတော့သိနေကြသေးတယ်။ ကျွန်မတို့ကိုဆန့်ကျင်ပြီး သူတို့ဘာမှလုပ်ရဲမှာမဟုတ်ဘူး။ ပြီးတော့ တစ်ချီထဲနဲ့ဆွဲသုတ်ခံရမယ့်ဖြစ်ကိုလည်းသူတို့ခုခံနိုင်မှာမဟုတ်ဘူး။ '' သုံးသပ်ချက်အပြီးနောက်ထိုအမျိူးသမီးက အသံနှိမ့်၍ဆက်ပြောလိုက်သည်။ ''ယုန်လေးပြောသလိုပဲ ကျွန်မတို့ထဲမှာ သူလျှိုတွေရှိနေတယ်''
ခဏကြာပြီးနောက်လုဖုန်းက ''သူက ဆီးရီးယားကငါတို့အင်အားကိုသိထားတဲ့အပြင် ပစ္စည်းတွေဘယ်နားထားလဲပါသိနေတယ်။ ဒီသူလျှိူရဲ့အဆင့်ကမနိမ့်ဘူး''
"ဘော့စ် ဒါအရှေ့ပိုင်းသားတွေများဖြစ်နေမလား။ဆရာအန်းနောက်လိုက် အရှေ့ပိုင်းကလူတစ်ချိူ့ ရှိတယ်။ ဆရာအန်းမရှိတော့ပေမယ့် အဖွဲ့ထဲမှာ ကျန်းအန်းသစ္စာတော်ခံတွေရှိနေတုန်းပဲ။ သူတို့ပြောနေတာက...'' စကားတစ်ချိူ့ထပ်ထွက်မလာမီ သူမစိတ်ပြောင်းလိုက်ပြီး ''သူတို့ကဘော့စ်ရဲ့အခုနေရာကို အတင်းအဓမ္မသိမ်းယူထားတယ်ထင်နေကြတာ''
"သူတို့ထင်တာလည်း မမှားပါဘူး။ ဒီနေရာကငါလုပြီးရလာတာပဲလေ'' လုဖုန်းကအေးဆေးစွာပြန်ဖြေ၏။
"ဘော့စ် နောက်လိုက်တစ်ယောက်အနေနဲ့ကျွန်မအများကြီးမပြောသင့်တာနားလည်ပါတယ်။ ဒါပေမယ့်ကျွန်မက ဘော့စ်နဲ့ဆရာအန်းနောက်အကြာကြီးလိုက်ခဲ့သူပါ။ ကျွန်မကတော့ ရှင့်ဆီအာဏာလွှဲပြောင်းပေးတာအလိမ်အညာလို့မထင်ပါဘူး'' အကြောင်းအရာကဆက်ပြောဖို့ရာခက်ခဲတာကြောင့်အမျိူးသမီးကသက်ပြင်းချလိုက်သည်။ ''ဘယ်လိုပဲဖြစ်ဖြစ် သစ္စာဖောက်ကိုအမြန်ရှာတွေ့မှပါ''
ဆီးရီးယားကသူတို့ပင်မအခြေစိုက်ကိုဖျက်ဆီးလိုက်တဲ့ တစ်ဖက်လူရဲ့ရည်ရွယ်ချက်ကဘယ်လိုနေနေ ဒီထိခိုက်မှုကအဖွဲ့အစည်အတွက်ခွင့်လွှတ်စရာမရှိဘူး။ခုလက်ရှိလုဖုန်းအခြေအနေကလည်းမတည်ညိမ်ဘူး။မြေခွေးအိုကြီးချန်ကျန်းအန်းကိုမြှုပ်လိုက်ပြီးတဲ့အချိန်ကတည်းက အဖွဲ့အစည်းကြားမှာ 'လုဖုန်းကချန်ကျန်းအန်းကိုသတ်လိုက်တယ်'ဆိုတဲ့ တီးတိုးစကားကပြန့်နှံ့နေတာအတော်ကြာပြီ။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...