အခန်း(၆၆) သံသယမျိုးစေ့
လူချမ်းသာများ၏ private party ပွဲသို့လိုက်ရန် အိုင်ဗန်ကဆွယ်သည်။ ဒါကတကယ့်ပါတီအစစ်ဖြစ်ပြီး တရားမဝင်လုပ်ငန်းရှင်များ၏ စကားဝိုင်းလည်းဖြစ်သည်။ အင်တာနယ်ရှင်နယ်ရဲများအတွက်လည်း သက်သေရစရာမရှိ။ဘာကြောင့်ဆို အိုင်ဗန်က ဒီလိုနေရာတွေမှာ အလုပ်စကားသာပြောလေ့ရှိပြီး အမှန်တကယ်ရောင်းဝယ်မှုတော့မပြုတတ်ပေ။
"ငါမသွားချင်ဘူး'' လက်ကိုပိုက်ပြီး ချန်အန်းသူ့ရှေ့က ဝတ်စုံအပြည့်နဲ့အိုင်ဗန်ကိုကြည့်လျှက်ငြင်းဆိုလိုက်သည်။ ''မင်းလက်နက်အရောင်းအဝယ်သမားဆိုတာ သိပြီးပြီဆိုရင်ရပြီ။ ငါမင်းအကြောင်းထပ်မသိချင်တော့ဘူး''
"ဘာလို့လဲ။ ဒါက ကိုယ်တို့တစ်ယောက်ကိုပိုနားလည်လာနိုင်မယ့်အခွင့်အရေးပဲ။'' အိုင်ဗန်က အေးဆေးတည်ညိမ်စွာဖြင့်မေးသည်။ သူက လက်ဖြင့်အသေးစိတ်ချူပ်ထားသည့်အနက်ရောင်ဝတ်စုံကိုဝတ်ထားပြီး သူ၏ရှည်လျားသောအရပ်အမောင်းကိုပို၍ကြည့်ကောင်းစေသည်။ ဘယ်သွားသွား သူ့ပုံရိပ်ကတောက်ပနေသည်။
"တစ်ယောက်အကြောင်းတစ်ယောက်သိလေ ကိုယ်ပိုင်ကိစ္စတွေပိုမြင်သာလာလေပဲ။ ငါကတော့ ၂လကြာပြီးရင် မင်း လျှို့ ဝှက်ချက်တွေအများကြီးသိထားတဲ့လူကို လွယ်လွယ်အလွတ်ပေးမယ်မထင်ဘူး'' ချန်အန်းကလည်းအိပ်ရာပေါ်ရုပ်တည်နှင့်ထိုင်နေသည်။
သူတကယ်ပဲအိုင်ဗန်နဲ့ပါတီကိုလိုက်မသွားဘူးလို့ဆုံးဖြတ်ထားရင် ဘာလို့အိုင်ဗန်ရဲ့အပန်းဖြေခရီးအတူသွားဖို့ဖိတ်ခေါ်မှုကိုလက်ခံခဲ့ရမှာလဲ? တစ်ဖက်လူကိုမသိမသာ ငြင်းပယ်ခြင်းက သူ့တို့ကြားကသိက္ခာကိုရော မသင်္ကာမှုကိုပါ လျော့ချနိုင်တယ်လေ။
"မင်းထီပေါက်တဲ့ငွေနဲ့ဆက်သွယ်ရေး ကုမ္ပဏီတစ်ခုထောင်ထားတာကိုယ်သိတယ်။ အန်း...မင်းကိုယ်တဲ့မပူးပေါင်းချင်ဘူးလား။ မင်းအကျိုးအမြတ်အများကြီးရမှာနော်။ အင်းပါ အချစ်ရယ်...ကိုယ့်ကိုအဲ့လိုမျက်လုံးတွေနဲ့မကြည့်စမ်းပါနဲ့။ ကိုယ် တရားဝင်အရောင်းအဝယ်လုပ်ငန်းလည်းလုပ်ပါတယ်။ ကိုယ်ကျိန်ရဲတယ်''
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...