အခန်း(၁၁၅) ဥပေက္ခာ
ခဏမှီရုံဟုဆိုသော်လည်း ချန်အန်းကိုယ်မှာလုဖုန်းပုခုံးနဲ့ထိသည်နှင့်ပြိုကျလာသည်မို့ လုဖုန်းသိမ်းကြုံးဖက်ပြီးဖြည်းဖြည်းချင်းထိုင်ချလိုက်ရသည်။ တကယ်ဆိုဝိုင်တစ်ခွက်လောက်နဲ့မူးမသွားသင့်ဘူး ဒီလူ့သောက်နိုင်အားကတော့သိပ်ညံ့တာပဲဟု လုဖုန်းမှတ်ချက်ချလိုက်သည်။
"ဘော့စ်လု ခင်များသူ့ကို...'' အနီးနားမှသက်တော်စောင့်က တီးတိုးကပ်ပြောလာလေတော့ လုဖုန်းက ''မလိုဘူး''ဟုငြင်းဆန်လိုက်သည်။
"နေအုန်း စောင်ယူလာခဲ့'' နေရာပြန်လုဆဲဆဲသက်တော်စောင့်ကိုထပ်အမိန့်ပေးပီး သူ့ပုခုံးမှီလျှက်အိပ်ပျော်နေသည့်အမျိုးသားသက်တောင့်သက်သာဖြစ်စေရန်အလို့ငှါ ခေါင်းကိုဖြည်းဖြည်းချင်းထိန်းကိုင်ပြီး ကိုယ်၌ပေါင်ပေါ်တင်လိုက်၏။ထို့နောက်အအေးမမိစေရန်စောင်ပါးကိုလွှမ်းပေးလိုက်သည်။
လော့အိဂျလိစ်ရောက်ရန်တစ်နာရီမျှကျန်သေးသည်မို့ လုဖုန်းတိတ်ဆိတ်စွာဖြင့်လေယာဉ်ပြတင်းအပြင်မှ တိမ်လွှာပါးနှင့်မိုးသားပြာကိုငေးကြည့်နေမိသည်။ အမှန်တကယ်တော့ လေယာဉ်အပြင်မှမြင်ကွင်းသည်မလှပါ သို့ပေမယ့်အမှတ်တမဲ့မိမိပေါင်ပေါ်မှအမျိုးသားကိုငုံ့ ကြည့်လိုက်မိသည်။ ချန်အန်းကိုမြင်သည့်အခါတိုင်းမှာ သူ့စိတ်ထဲရင်းနှီးကျွမ်းဝင်မှုကိုခံစားနေရသလို ဒီလူဟာချန်ကျန်းလားလို့နေ့နေ့၊ညညတွေးနေမိသည်။ အဆုံးအစွန်နံမည်ကအစဆင်တူနေသည်မဟုတ်လား။
ဒါပေမယ့်လို့ အဲ့လိုတွေးမိတဲ့အခါတိုင်း ချန်ကျန်းအန်းကချန်ကျန်းအန်း။ချန်အန်းကချန်အန်းသာဖြစ်ကြောင်း လုဖုန်းကိုယ့်ကိုယ်ကိုအပြင်းထန်သတိပေးနေရသည်။
ဒါပေမယ့်...အိပ်ပျော်နေချိန်မှာတောင်သူတို့ဘာလို့ဒီလောက်တောင်တူနေရတာလဲ။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...