အခန်း(၄၇) ငါသစ္စာရှိတဲ့ခွေးမျိုးကိုပဲသဘောကျတယ်
ဝမ်ဟောင်လို အတွေ့အကြုံမရှိ၊မရင့်ကျတ်သေးတဲ့ အကောင်ပေါက်လေးကိုသူတစ်ခုခုလုပ်ချင်ရင်သိပ်ကိုလွယ်လွန်းတဲ့ကိစ္စပဲ။ တိုက်ရိုက်ပေးဆပ်ခိုင်းတာဟာသက်ညှာလွန်းရာကျတယ်။ သူကိုယ်၌ကချန်အန်းနဲ့အတူအလုပ်လုပ်ရဲမှတော့ လက်နက်အရောင်းအဝယ်လုပ်ငန်းကရတဲ့အကျိုးအမြတ်အသီးအပွင့်တွေကိုခံစားရမှာပဲ။ တစ်ခါမြည်းစမ်းကြည့်လိုက်တာနဲ့လုံးဝဖြတ်တောက်လို့မရတော့တဲ့ မူးယစ်ဆေးဝါးလိုပဲ ငွေဟာသိပ်ကိုအစွမ်းကြီးတယ်။
သူမြင်ချင်တာကတော့ ဝမ်ဟောင်ဆိုတဲ့ကောင်စုတ်လေးသူ့လောဘနဲ့သူပိတ်မိသွားတာပဲ။ အချိုနည်းနည်းကျွေးပြီးရင် ချောက်ထဲပြုတ်ကျသွားကိုအေးအေးဆေးဆေးထိုင်ကြည့်နေတော့မယ်။"ငါတောင်းပန်ပါတယ် ငါ့ကိုလွှတ်ပေးပါ။ ငါ...ငါထပ်မလုပ်တော့ပါဘူး။ ချန်အန်း ငါမှားသွားပါတယ်...ငါမှားသွားပါတယ်လို့နော်! ငါ့ကိုလွှတ်ပေးပါ ဝူးဝူးဝူး ငါမလုပ်ရဲပါဘူး ငါထပ်မလုပ်တော့ပါဘူး.....''
ချန်အန်း ကုန်လှောင်ရုံကိုဖွင့်ခိုင်းလိုက်တော့အထဲမှာ တစ်ကိုယ်လုံးနီရဲနေပြီး ကိုယ်လုံးတီးနဲ့ခြေလက်တွေသံကြိုးအခတ်ခံထားရတဲ့ လူတစ်ယောက်ကိုမြင်လိုက်ရသည်။ ထိုလူကချန်အန်းကိုမြင်သည်နှင့် ခွေးတစ်ကောင်လို့ လေးဖက်ထောက်၊ ပြေးလာပြီး အဆက်မပြတ်ငိုရင်းတောင်းပန်လေသည်။ သူမျက်လုံးတို့ကြောက်ရွံမှုအပြည့်နှင့်ကွဲကြေနေ၏။
"ဦးလေး''
ချန်ယန်းကခုံတစ်လုံးယူလာပေးပြီးနောက် ခုံနောက်တွင်မတ်တပ်ရပ်နေလိုက်သည်။ ချန်အန်းခုံပေါ်မှာခြေချင်းချိတ်ထိုင်လိုက်သည်။ ခပ်လေးလေးအကြည့်တို့ဖြင့် မိမိရှေ့မှအချိန်မရွေးလဲကျသွားတော့မည့် လျူရှောင်ကျဲ့ ကိုချန်အန်းကြည့်နေလိုက်သည်။ သူ့မျက်နှာထဲ၌သနားဂရုဏာတို့ကအလျဉ်းမရှိ။ လက်နှစ်ဖက်ကိုခုံလက်လှမ်းမှာတင်ထားပြီး နောက်ဆုံးသူပြောလိုက်သည်။
"ငါမင်းကိုအခုချက်ချင်းသတ်ပစ်လိုက်လို့ရတယ်။ မင်းကိုအသားကြိတ်စက်ထဲထည့်ကြိတ်ပြီး ပင်လယ်ထဲငါးစာအဖြစ်ချကျွေးလိုက်ရင်တောင် ဒီဘဝမှာမင်းဘယ်လိုသေသွားလဲသိတဲ့လူရှိလိုက်မှာမဟုတ်ဘူး။''
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...