အခန်း(၇၈) လူသတ်သမား
အိုင်ဗန် သူ့ကိုရေကူးကန်ထဲမှာသတ်ပစ်လိမ့်မယ်လို့ ချန်အန်းမထင်မိခဲ့။ အခုလောလောဆယ်ပေါ့။
ယုတ်မာသောထိုလူသည်ကား တစ်ဖက်လူ၏ကူရာကယ်ရာမဲ့အနေအထားနဲ့ ကယ်တင်ပေးရန်တောင်းဆိုသံကိုကြားချင်၍ဖြစ်သည်။
အကျင့်ဆိုးကချွတ်ရခက်တယ်ဆိုသလိုပဲ။ သူသာလက်ပဲဆန့်လိုက်ရန်တောင် တစ်ဖက်လူကိုရေထဲကယ်လို့ရနေပြီ။ ဒါပေမယ့် ဒါကအဓိကပြသာနာမဟုတ် အိုင်ဗန်ရဲ့အဓိကရည်ရွယ်ကဘာလဲ?
ဒီကန်ကဘယ်လောက်လေးပဲ နက်တယ်ဆိုပေမယ့်လည်း ခေါင်းကိုရေမြှုပ်သွားပါက ချန်အန်းအတွက်တော့ ရေကူးကန်သည်ပင်လယ်နှင့်မခြားပေ။ ခန္ဓာကိုယ်က ကန်ကြမ်းပြင်ကိုတဖြည်းဖြည်းနစ်မြှုပ်လျှက်ရှိသည့်အပြင် ပိုစက်ဆုပ်စရာကောင်းသည်ကာ အိုင်ဗန်သည်ချန်အန်း၏ကော်လန်ကိုဖမ်းဆုပ်ထားပြီး သက်သက်မဲ့ တစ်ဖက်လူကိုပြန်တက်မရအောင် ရေထဲနှစ်နေခြင်းဖြစ်သည်။
ရေပြင်၏လှုပ်ရှားနေမှုကြားမှ ချန်အန်း ၊ အိုင်ဗန်၏အကျဉ်းတန်မိစ္ဆာအပြုံးကိုမြင်နေရသေးသည်။ ထိုဝက်ဝံက တစ်ခုခုပြောလိုက်ပြီး ချန်အန်း နားလည်လိုက်သည်က ''ငါ့ကိုရှာ''ဆိုသည့် စကားလုံးပင်။
အောက်စီဂျင်များက ဗူဖောင်းငယ်များအဖြစ်နှာခေါင်းနှင့်ပါးစပ်မှာထွက်ပေါ်လာပြီး ရေမျက်နှာပြင်ဆီသို့ ဆန်တက်သွားကြသည်။ ရင်ဘတ်ထဲက လေးလံလာပြီး ချန်အန်းလက်သီးကိုလွှဲလိုက်သည်။ ဒါပေမယ့် ရေထဲမှာအချိန်ကနှေးကွေးနေသယောင် မြင်ကွင်းကပိုမိုဝေဝါးလာပြီး သူ့မျက်လုံးထဲမှာ အိုင်ဗန်ကော ကောင်းကင်ပြာကြီးကိုပါ မမြင်ရတော့။
အဲ့ဒီအချိန်မှာ လွန်ခဲ့တစ်နှစ်ကိုပြန်ရောက်သွားသလို ချန်အန်းခံစားရသည်။ သူကဝါရံတာမှာမှီရင်း သူ့ဆီကိုပြေးလာသည့်လုဖုန်းအား ပြုံးလျှက်လက်ဝေ့ရမ်းနှုတ်ဆက်နေသည်။ သူ့ရဲ့အပြုအမူကြောင့် စိတ်လှုပ်ရှားပြီးပျော်ရွှင်နေသည့် လုဖုန်း၏မျက်နှာကိုသူထင်ရှားစွာမြင်နေရသည်။ ပြန်တွေးကြည့်ရင် အဲ့တာကသူ့ရှေ့မှာလုဖုန်း ရွှင်လန်းစွာပြုံးနေခဲ့ဖူးတဲ့ ပထမဦးဆုံးအကြိမ်ပဲ။
![](https://img.wattpad.com/cover/137014768-288-k770765.jpg)
أنت تقرأ
Rebirth of Chen An【Zaw + uni】
عاطفيةလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...