အခန်း(၆၁) အဖြေမှန်
အိုင်ဗန်က ချန်အန်းရဲ့အဖြေကို မဟုတ်ဘူးလို့တိုက်ရိုက်မငြင်းပါ။ ဒါပေမယ့်လို့ အံ့သြသွားသည်ကိုတော့ မျက်လုံးကဖုံးကွယ်မရ။ ''မင်းဘာလို့ ကိုယ့်ကိုလက်နက်တွေနဲ့ပတ်သက်နေလိမ့်မယ်လို့ထင်တာလဲ''
သာမန်လူတွေအတွက်က လက်နက်ဆိုတာဝေးလွန်းတဲ့အရာပဲ။ ချန်အန်းရဲ့အဖြေက ချွင်းချက်မရှိမှန်တယ်။ တစ်ချိန်ထဲမှာပဲ အိုင်ဗန်စိတ်ဝင်စားမိတယ်။ ဒီလူဘယ်လိုလုပ်သိတာလဲ။ ရိုးမှရိုးရဲ့လား။ တကယ်ပဲ ကြက်ကန်းဆန်အိုးတိုးတာလား။
"မင်းရဲ့ညာလက်ကိုထုတ်လိုက်'' ချန်အန်း က လက်ကိုထုတ်ပြီးပြောလိုက်သည်။
အိုင်ဗန်က ပြုံးပြီး သူ့ညာလက်ကိုရှေ့ထုတ်ပေးလိုက်သည်။ ချန်အန်း အိုင်ဗန်ရဲ့လက်ဖဝါးကိုကိုင်ပြီး လက်ညှိုး၊ကျားပါစပ်နဲ့ လက်ဖဝါးပုံစံကိုပြလိုက်သည်။ (ကျားပါးစပ်-လက်မနဲ့လက်ညှိုးကြားကနေရာလွတ်)
ချန်အန်း၏ လက်ချောင်းပျော့ပျော့တို့ အိုင်ဗန်လက်ဖဝါးပေါ်ဖြတ်သွားစဉ် ပါးလွှာသည်အရည်ပြားကိုခံစားရသည်။ သာမန်အားဖြင့် သတိထားမိဖို့မလွယ်သော်လည်း သေချာထိတွေ့ကြည့်ရင်သိသာသည်။
"မင်း မနေ့က ငါ့လက်ကိုကိုင်တော့ မင်းလက်အရည်ပြားတွေကပါးတာသတိထားမိတယ်။ငါ တီဗီမှာတွေ့တာ စစ်သားတစ်ချို့ကသူတို့လက်ကို တစ်ခုခုပေါ်ဖိထားလေ့ရှိတယ်တဲ့။ ဘာလို့ဆိုသူတို့က သေနတ်ကိုအမြဲကိုင်လို့အကျင့်ပါနေတာ ။ပြီးတော့သူတို့ ကျားပါးစပ်နဲ့ လက်ဖဝါးမှာ အသားမာတစ်ချို့ ရှိနေတယ်။ မင်းလက်လိုပဲ''
ချန်အန်း အိုင်ဗန် မျက်နှာကို ကြည့်လိုက်ပြီး လက်ကိုပြန်ငုံ့ ကြည့်ကာဆက်ပြောလိုကသည်။ ''ရှေ့တန်းကစစ်သားတွေကလွဲရင် သာမန်လူမပြောနဲ့စစ်သားတွေတောင်နေ့တိုင်း သေနတ်ကိုင်စရာမလိုဘူး။ကိုင်ခွင့်လည်းမရှိဘူး။ အဖြေက မင်းက လက်နက်အရောင်းအဝယ်သမားတစ်ယောက်ပဲ။ မင်းသေနတ် နဲ့ကျည် တွေကို သုံးစရာမလိုပဲ အလကားဖြုန်းတီးလို့ရတယ်လေ။''
BINABASA MO ANG
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...