အခန်း (၂၁) အရက်တန်ခိုး (၁)
ဗီယမ်နမ် ဟာလုံဘေးမှာကမ်းကပ်ထားတဲ့သင်္ဘောကည၁၁နာရီလောက်မှစတင်ထွက်ခွာမှာဖြစ်တယ်။ ထို့ကြောင့် ထိုအချိန်မရောက်ခင်အထိခရီးသွားတို့က ကမ်းခြေမှာဆော့ကစားခြင်းသော်လည်းကောင်း၊သင်္ဘောပေါ်ပြန်အနားယူခြင်းသော်လည်းကောင်းလုပ်နိုင်ကြသည်။ ဒီခရီးသွားသင်္ဘောက အမေရိကနဲ့ဥရောပကြားမှာပြေးဆွဲနေတဲ့သဘောင်္တွေလောက်မခမ်းနားသော်ငြားလည်း အပျော်ခရီးသွားသဘောင်္တစ်စင်းမှာရှိသင့်တဲ့ ဖျော်ဖြေရေးကဏ္ဌတွေပါဝင်တယ်။
ညနေခင်း၏လိမ္မော်ရောင်နေမင်းကြီးက ရောင်ခြည်များနှင့်ပင်လယ်ပြင်အောက်ရေငုပ်ရန်ပြင်နေလေသည်။ ချန်အန်း နေဝင်ဆည်းဆာအလှကိုကြည့် ရန် သဘောင်္ကုန်းပတ်ပေါ်တက်လိုက်သည်။ နေဝင်စအလင်းရောင်ဆိုပေမယ့်လည်း သာမန်မျက်နှာနဲ့ကြည့်ဖို့ကမျက်စိကျိန်းလွန်းတယ်။ (T-သူကမျက်စိမှုန်တယ်လေ) ။ နေမင်းရဲ့သိမ်မွေ့ခြင်းဆိုတာပုံရိပ်ရောင်သပ်သပ်ပါပဲ။
အဆုံးမရှိတဲ့သမုဒ္ဒရာပြင်ကြီးကိုကြည့်ရင်းချန်အန်းမျက်လုံးမှိတ်ရင်း ဆားငန်လေတို့ကိုရှူသွင်းလိုက်သည်။ အတွေးတွေအားလုံးကိုအနားပေးပြီးထိုအချိန်လေးကိုသာအပြည့်အဝခံစားကြည့်လိုက်သည်။ သူတရုတ်ပြည်ကိုပြန်ရောက်တဲ့အခါ သူ့ဘဝကတစ်ဖန်ကျည်ဆန်များကြားဖြတ်သန်းရပေတော့မည်။
လုဖုန်း.... မင်းရဲ့သစ္စာဖောက်မှုအတွက်မင်းကျိန်းသေပေးဆပ်ရမယ်။
တိတ်ဆိတ်နေတဲ့ချန်အန်းမျက်လုံးတွေကိုပြန်ဖွင့်လိုက်ပြီး နောက်ကိုလှည့်လိုက်တော့ သူ့နောက်မှာခိုးကြောင်ခိုးဝှက်လုပ်နေသည့်လူတစ်ယောက်နဲ့ပက်ပင်းတိုးလေသည်။ ဘယ်သူဆိုတာအတပ်သိပေမယ့်လည်း ချန်အန်းမျက်လုံးတွင်းအံ့သြခြင်းအရိပ်အယောင်တစ်ချို့ ဖြတ်ပြေးသွား၏။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...