အခန်း (၁၇၁) ချန်ယန်းရဲ့ပြသာနာဖြေရှင်းနည်း

1.6K 146 7
                                    

အခန်း (၁၇၁) ချန်ယန်းရဲ့ပြသာနာဖြေရှင်းနည်း

ဓားပြကိစ္စချန်ယန်းကိုလွှဲပေးထားမယ်ဆိုတဲ့အတိုင်း ချန်အန်းဟာအဲ့ဒီဘက်ကိုလုံးဝအာရုံမရှိ။ သူလယ်ထဲသွားပြီး ပျိူးပင်တွေကိုကြည့်သည်။ ဒေသခံတွေကိုသူတို့စိုက်ပျိူးရေးပုံစံနဲ့ရင်းနှီးလာအောင်ရှင်းပြသည်။ထို့နောက် အိမ်ပြန်ကာသူ့ဝရံတာကအပင်များကိုပြုစုသည်။ချန်အန်းနေ့ရက်များကသာသာယာယာပင်။

သေချာစဥ်းစားကြည့်မယ်ဆိုရင် ဘယ်သူကမှတော့အကြောင်းမရှိဘဲသူများပစ္စည်းလာဖျက်ဆီးမှာ​တေ့မဟုတ်။ ချန်အန်းဘက်ကဝင်မပါဘူးလို့ပြောထားပေမယ့် သူ့ကိုလာသွေးတိုးစမ်းတဲ့သူဘယ်သူများလဲဆိုတာတော့သူသိပ်သိချင်လှသည်။

ရွာသူကြီးလား။ မဖြစ်နိုင်။သူကတော့ချန်အန်းပထမသံသယစာရင်းကပယ်လိုက်သူပဲ။ သူတို့ကစီးပွားဘက်တွေပဲ ရွာသူကြီးဘက်ကဒီလိုလုပ်ရင်နောက်ကျဘယ်မျက်နှာနဲ့စီးပွားရေးလုပ်ကြမလဲ။ ပြီးတော့ ရွာသူကြီးဘက်က ပိုပိုသာသာအကျိူးအမြတ်လည်းရပြီးသားပဲ။ ဒါမှမဟုတ်ပြိုင်ဘက်ကုမ္ပဏီသုံးခုဘက်ကလား။ ဒါကဖြစ်နိုင်ချေအရှိဆုံးဆိုပေမဲ့ သိပ်တော့မသေချာ။ သူတို့အနေနဲ့အခွင့်အရေးတစ်ခုဆုံးရှုံးသွားတာမှန်ပေမဲ့ တစ်နေရာမကောင်းတစ်နေရာပြောင်းမှာပေါ့ ဘာကြောင့်ကလေးကလားနိုင်ရမလဲ။ ပြီးတော့ အဲ့ဒီကုမ္ပဏီတွေက ချန်အန်းနောက်ကြောင်းကိုစုံစမ်းကြည့်ထားမှာပဲ။ ဒီလောကထဲမှာလူသစ်ဆိုပေမဲ့ သူ့နောက်မှာရှိနေတဲ့သူတွေက တစ်ယောက်နှစ်ယောက်မဟုတ်တာ လွယ်လွယ်ထိလို့မရမှန်းသဘောပေါက်ကြမှာမနှေးပါ။

ဒါမှမဟုတ်  အခြားဒေသခံ အဖွဲ့အစည်းတွေလား။
ဒါကဖြစ်နိုင်ခြေအရှိဆုံးပင်။  အစောပိုင်းတုန်းက မန်နေဂျာကျိူးဆီကကြားတဲ့စကားအရဆို ဒေသခံလက်နက်ကိုင်အဖွဲ့အစည်းတစ်ချိူ့ဘက်ကသူတို့ကို စောင့်ရှောက်ခဆပ်ကြေး ပေးရန်သတင်းပေးသေးသည်။ ချန်အန်းအဲ့တုန်းကဟာသစကားသာသာအမှတ်ထားခဲ့သည်။ သူ့ကိုများလာပြီး စောင့်ရှောက်ခတောင်းသလေးဘာလေးနဲ့။ လာပြောတဲ့သူတွေကိုသူပြန်လွှတ်လိုက်တာကြောင့် အခုသူ့ကိုအမောက်လာထောင်ပြတဲ့သဘောလား။

Rebirth of Chen An【Zaw + uni】Where stories live. Discover now