အခန်း (၉) ချန်​အန်းရဲ့အလုပ်

14.9K 1.9K 27
                                    

အခန်း (၉) ချန်​အန်းရဲ့အလုပ်

မနက်​ခင်း​နေ​ရောင်​ကပြတင်း​ပေါက်​ကတိုးဝင်​လာတာနဲ့ချန်​အန်းလည်းမျက်​လုံးဖွင့်​လိုက်​​တော့တယ်​။ မျက်​မှန်​သမားများဒုက္ခအတိုင်း အရာရာကမြူဆိုင်းပြီး​ဝေဝါး​နေသည်​မှာ ​ကောင်းကင်​ဘုံမှတိမ်​တိုက်​ကြား​ရောက်​​နေသကဲ့သို့ပင်​။ ချန်​အန်းလက်​ထိပ်​နဲ့မျက်​စိကိုပွတ်​လိုက်​ပြီး မျက်​မှန်​​ကောက်​တပ်​လိုက်​သည်​။ နာရီကိုကြည့်​​တော့ ၉နာရီ၊၄၀။
သူအရင်​တုန်းကမနက်​တိုင်း၈နာရီမှထတဲ့လူဖြစ်​ခဲ့ဖူး​တော့အကျင့်​ကြီးကစွဲ​နေတယ်​။ အသက်​ပိုကြီးလာ​တော့လည်းပိုဆိုးလာတယ်​ ​တော်​ရုံမထချင်​​တော့။ ဒါ​ကြောင့်​ အလုပ်​​တွေကို လုဖုန်းဆီလွှဲ​ပေးပြီး​အေး​ဆေးနပ်​​နေခဲ့တာ။
ပျင်းရိစွာဟိုကုပ်​သည်​ကုပ်​လုပ်​ပြီး ချန်​အန်းသူ့ရဲ့အဆီတစ်​ထပ်​၊အသားတစ်​ထပ်​ခန္ဓာကိုယ်​ကို ကုတင်​​ပေါ်ကဆင်းလိုက်​သည်​။ သူ့အ​နေနဲ့အရမ်းဝ​နေ​ပေမယ့်​ကျန်းမာ​ရေးက​ကောင်း​နေ​သေးတယ်​။ ​တွေ့ရာအဝတ်​ကို​ကောက်​ဝတ်​ပြီး သူ​ရေချိုးခန်းထဲဝင်​လိုက်​တယ်​။ အဲ့ဒီ​နောက်​မီးဖို​ချောင်​ထဲဝင်​ပြီး ချန်​ယန်း ချန်​ထားတဲ့ စ​တေကာနုတ်​နဲ့ဗူးတစ်​ဗူး​တွေ့တယ်​။ ဗူးထဲမှာကအိမ်​​သော့နဲ့ယွမ်​၂၀၀။

[ဦး​လေးကျွန်​​တော်​​ကျောင်းသွားပြီ။မီးဖို​ချောင်​မှာနံနက်​စာရှိတယ်​ပြန်​​နွေးစားရုံပဲ။ ပြီး​တော့ဗူးထဲမှာကအိမ်​​သော့နဲ့ယွမ်​၂၀၀။ ပိုက်​ဆံကိုယူထားလိုက်​ပါ အိမ်​အပြင်​ထွက်​မယ်​ဆိုရင်​လိုလိမ့်​မယ်​။ တကယ်​လို့တစ်​ခုခုဖြစ်​ရင်​ကျွန်​​တော်​ကိုဖုန်းဆက်​ပါ။ နံ​ပေါက်​က 03900xxxxxx]

ချန်​အန်း၊ ချန်​ယန်းကိုချီးကျူးစကားဆိုပြီးနံနက်​စားကိုစားလိုက်​သည်​။ အဲ့ဒီ​နောက်​အ​ပေါစားဖိနပ်​ကိုစီး ဆံပင်​ဘုတ်​သိုက်​၊ လက်​ထဲမှာစာရွက်​စာတမ်းဖိုင်​ကြီးနဲ့ သူ​ပြောတဲ '့အလုပ်​' ကိုထွက်​သွား​လေသည်​။

ရှန်​ဟိုင်းမြို့ ​နေ့ လယ်​ခင်းမြို့  လည်​​ခေါင်​ဟာလူ​တွေပျားပန်းခတ်​စည်​ကားလျှက်​ရှိတယ်​။ ​နေကာမျက်​မှန်​နဲ့သက်​လတ်​ပိုင်းအရွယ်​ ဝဝဖိုင်​ဖိုင်​အမျိုးသားက​တော့ဒါ​တွေကိုစိတ်​ဝင်​စားခြင်းမရှိပဲသူလုပ်​ရမယ့်​အလုပ်​ကိုသာလုပ်​​နေတယ်​။
အိတ်​ကြီးကိုလွယ်​ပြီး ချန်​အန်း ရှန်​ဟိုင်းမြို့ရဲ့တန်​ဖိုးမြင့်​အိမ်​ရာအ​ရောင်းပြခန်းတစ်​ခုထဲသို့ဝင်​သွားလိုက်​သည်​။
ထူထဲသည့်​မျက်​မှန်​​အောက်​မှဇာမဏီမျက်​လုံးများက ထိုအ​ဆောက်​အဦ၏အတွင်းပိုင်းတန်​ဖိုးကြီးအပြင်​အဆင်​များကိုသာမန်​ကာလျှံ​သောခံစားချက်​ဖြင့်​သာကြည့်​​လေတယ်​။ ထို​နေရာတွင်​သူ့အပြင်​ တန်​ဖိုးကြီးအဝတ်​အစား၊လက်​ဝတ်​ရတနာများနဲ့​ယောက်ျား၊မိန်းမတစ်​ချို့ လည်းရှိ​နေကြသည်​။
သူ့ရဲ့အခုပုံပန်းသဏ္ဌာန်​ကတစ်​ချက်​ကြည့်​လိုက်​တာနဲ့ ​အောက်​​ခြေကျပန်းလက်​လုပ်​လက်​စားလူတန်းစားတစ်​​ယောက်​နဲ့သိပ်​ကိုတူ​နေတယ်​။ ဒုတိယတစ်​ခါထပ်​ကြည့်​ရင်​​တော့သူဟာတကယ်​အိမ်​ရာ​မြေပိုင်​ဆိုင်​မှုလာပြုသလိုပဲ။ တတိယတစ်​ခါထပ်​ကြည့်​လိုက်​မယ်​ဆိုရင်​​တော့ သူက​ငွေ​ကြေး​ချွေတာစု​ဆောင်းထားလွန်းတဲ့ ချစ်​တီးတစ်​​ယောက်​ပုံ​ပေါက်​လို့​နေပြန်​တယ်​။
ရှင်းရှင်း​ပြောရရင်​တာ့ သူ့ပုံစံကအိမ်​တစ်​လုံး​တောင်​ဝယ်​နိုင်​ပဲပုံမ​ပေါက်​​နေတာပဲ။ အ​ဆောက်​အဦထဲချန်​အန်းဝင်​လာတာနဲ့အ​ရောင်းဝန်​ထမ်း​တွေကသူ့ကိုတစ်​ချက်​ပဲကြည့်​ပြီးလျစ်​လျူရှုလိုက်​ကြတယ်​။ တကယ်​အလုပ်​မရှုပ်​​နေတဲ့သူက​တောင်​မှသူ့ကိုသာမန်​ကာလျှံအကြည့်​တစ်​ချက်​ပဲ​ပေးပြီး လှိုက်​လှိုက်​လှဲလှဲဖိတ်​​ခေါ်ဖို့အစီစဉ်​ရှိပုံမရဘူး။
အခုလို​အေးစက်​စက်​အဆက်​ဆံခံရလို့စိတ်​ဆိုးသွားမယ့်​အထဲမှာချန်​အန်းမပါဘူး။ ဒီလိုအ​သေးအမွှားကိစ္စ​လောက်​နဲ့​ဒေါသဖြစ်​ရရင်​ သူ​သေပြီးတာအကြိမ်​​ရေနည်း​တော့မှာမဟုတ်​ဘူး။

Rebirth of Chen An【Zaw + uni】Where stories live. Discover now