အခန်း (၁၂) ရန်သူဟောင်းနှင့်မိတ်ဖွဲ့ခြင်း
လက်နက်မှောင်ခိုအရောင်းအဝယ်သမားတစ်ယောက်အနေနဲ့ ရဲတွေကိုလာဘ်ထိုးရသည်မှာပုံမှန်ဖြစ်သည်။ အပေါ်ယံမှာတော့ လက်နက်မှောင်ခိုသမားတွေဟာ ရဲတွေနဲ့အစိုးရရဲ့ အလိုရှိတဲ့ရာဇဝတ်သားတွေဆိုပေမယ့် အမှန်တကယ်ကတော့ ပါတနာများဖြစ်ကြသည်။
ချန်အန်းရဲ့အမြင်မှာတော့ လက်နက်အရောင်းအဝယ်အဖွဲ့အစည်းတွေကဈေးကွက်မှာကုန်သည်တွေနဲ့မခြားဘူး။ အမှန်တကယ် ထုတ်လုပ်သူနဲ့ ထိန်းချူပ်သူတွေက United Nations က အဖွဲ့အစည်း၅ခုပဲ သူတို့မဟုတ်ဘူး။ သူတို့တစ်နှစ်ပတ်လုံးရောင်းတဲ့လက်နက်အရေအတွက်ဆိုတာ အဖွဲ့အစည်း၅ခုကတစ်နေ့စာရောင်းလိုက်တာနဲ့ယှဉ်လို့တောင်မရဘူး။
သို့ပေမယ့်လည်း ဒီကမ္ဘာမှာ ဝယ်လို့ မရတဲ့လူတွေကရှိသေးတယ်။ သူတို့လောကနိယာမသဘောတရယားကိုသိပေမယ့် ကိုယ့်ကျင့်သိက္ခာနဲ့ဥပဒေကိုတော့မြဲမြဲလက်ကိုင်ထားတယ်။ ဥပမာပြရရင် အခုသူ့ဘေးမှာထိုင်နေတဲ့လူငယ်လေး တင်းရှန်းလိုမျိုးပေါ့။ လွန်ခဲ့တဲ့၅နှစ်ကစပေါ်လာတဲ့အချိန်ကစပြီး ဒီအနာဂတ်တောက်ပနေတဲ့ အင်တာပိုအေးဂျင့်လေးက ချန်အန်းကိုပြသာနာရှာရတာအရမ်းကြိုက်တယ်။ မိန်းမကောငွေပါ ဒီကောင်လေးစိတ်ကိုမလှုပ်ရှားနိုင်ခဲ့ဘူး။ (TN/ you should try with yourself 😏)
"ဟုတ်တယ်။ ဒီကသွားဆရာဝန်ကအရမ်းတော်တယ်လို့ကြားလို့။ ကျွန်တော်လည်းဒီအနီးအနားမှာပဲနေတော့ ဒီမှာလာကြည့်ဖို့ဆုံးဖြတ်လိုက်တာ''
တင်းရှန်းသူ့ဘေးက လူကိုမျက်လုံးများကွေးသွားတဲ့အထိပြုံးပြနေတော့ ချန်အန်းမာယာမပါတဲ့မျက်လုံးတွေနဲ့ပြန်မေးလိုက်သည်။
"မင်းကောလား?''တင်းရှန်းအခုလိုဖြူဖြူစင်စင်ပြုံးနေတာမျိုးကိုချန်အန်းပထမဦးအကြိမ်မြင်ရခြင်းဖြစ်သည်။ သူ့ရဲ့အရင်ဘဝမှာတုန်းက တင်းရှန်းကသူ့ကိုအမြဲတမ်းစူးစူးဝါးဝါးရွံရှာမုန်းတီးနေတဲ့အကြည့်တွေနဲ့ပဲကြည့်ခဲ့တာ။သူ့မျက်လုံးတွေမှာ ချက်ချင်းသေနတ်မောင်းခလုတ်ကိုဆွဲ ပြီး ဒီစစ်အောင်သွယ်တော် ပစ်သတ်ပစ်ချင်တဲ့အရိပ်အယောင်တွေပဲရှိခဲ့တယ်။
ချန်အန်းပြန်ပြုံးပြလိုက်တော့ သူ့နှုတ်ခမ်းကြားက bracesကတစ်စွန်းတစလိုက်ပေါ်လာသည်။
ŞİMDİ OKUDUĞUN
Rebirth of Chen An【Zaw + uni】
Romantizmလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...