အခန်း (၁၉) အမှောင်လောက
ဗီယမ်နမ်မှာ စစ်တပ်အတွင်းတာဝန်ထမ်းဆောင်နေတဲ့ လူက၄၁.၂သန်းလောက်ရှိပြီး တပ်မတော်၈ခုနှင့်အထူးတပ်မတော်၂ခုပိုင်းခြားထားသည်။ ဌာန၁၄ခုရှိပြီး ခြေလျင်တပ်၅၈ခု၊ တင့်ကားတပ် ၆ခု၊ ကျည်ကာကြည်းတပ်၁၀ခု၊ သီးခြားခြေလျင်တပ်ရင်း၁၅ခု၊ အထူးလေ့ကျင့်ရေးတပ်သားတွေ ( လေတပ်နဲ့ဒုစရိုက်ကောင်နှိမ်နင်းရေးအဖွဲ့အပါအဝင်) ၊ အမြောက်တပ်၁၀ခု၊ အင်ဂျင်နီယာအဖွဲ့အစည်း၈ခု၊ ၁၀ခု ၁၆ခုလောက်ရှိတဲ့ ဘဏ္ဍာရေးအဖွဲ့အစည်းတွေ ပြီးတော့ သီးခြားအင်ဂျင်နီယာအဖွဲ့အစည်းအခု၂၀ အသီးသီးရှိကြသည်။ ဒီလောက်စစ်တပ်အင်အားရှိတာတောင် နိုင်ငံကြီးတွေနဲ့ယှဉ်လို့မရသေးဘူး။ ဒါပေမယ့် အရှေ့တောင်အာရှမှာတော့ဒုတိယနေရာလို့ဆိုလို့ရတယ်။ အရင်ကလူတွေကတော့ဗီယမ်နမ်ကို တောင်နဲ့မြောက်နှစ်ပိုင်းထားတယ် ဒါပေမယ့်အခုတော့တစ်ခုထဲပေါင်းစည်းခဲ့တာကြာပြီ။ နယ်မြေနှစ်ခုကပေါင်းစည်းခဲ့တာဆယ်စုနှစ်ကြာပြီဆိုပေမယ့်လည်း အကြားမှာစိတ်ဝမ်းကွဲတာမျိုးတော့ရှိနေသေးတယ်။ အကြောင်းအရင်းကတိုင်းရင်းသားမျိုးနွယ်စုကြားပဋိပက္ခတွေနဲ့ မပြီးဆုံးနိုင်သေးတဲ့ပြည်တွင်းစစ်ပွဲအကျွင်းအကျန်တွေကြောင့်ပဲ။ ဖိလစ်ပိုင်နဲ့ ဗီယမ်နမ်လို စစ်ပွဲအသေးစားတွေဆက်ဖြစ်နေတဲ့နိုင်ငံမျိုးက သူတို့လိုလက်နက်အရောင်းဝယ်သမားတွေအတွက်ငွေတွင်းပေါ့။ အဲ့လိုလက်နက်တွေကို လက်နက်မည်းတွေလို့ခေါ်ကြတယ်။
အဖွဲ့အစည်းတွေကဘယ်လောက်ပဲထိန်းချူပ်ဖို့ကြိုးစားကြိုးစား လက်နက်မှောင်ခိုတင်သွင်းမှုတော့မတားမြစ်နိုင်ဘူး။ ပြီးတော့ဒီလိုအရှေ့ဖျားဒေသတွေက လက်နက်ရိက္ခာအတွက်အရင်းအမြစ်နေရာလို့တောင်ပြောလို့ရတယ်။
ပေါ့ပေါ့ပါးပါးရှပ်တစ်ထည်နဲ့ဂျင်းတစ်ထည်ကိုဝတ်ပြီး လိုက်ဖက်တဲ့ဖိနပ်ကိုတွဲစီးလိုက်တော့ချန်အန်းပုံစံကအလည်လာတဲ့ ခရီးသွားတစ်ယောက်နဲ့မခြားဘူး။ SLR ကင်မရာတစ်လုံးနဲ့ ရှုခင်းတွေကိုဓာတ်ပုံလိုက်ရိုက်ပြီး မြို့ထဲကလမ်းတွေလျှောက်သွားလိုက်တယ်။ လျှောက်သွားပြီးပင်ပန်းလာတော့ ချန်အန်းCafeတစ်ခုထဲဝင်နားလိုက်သည်။ ပြင်သစ်နယ်ချဲ့ခြင်းခံခဲ့ရတဲ့အတွက် အဆောက်အအုံတွေရဲ့ဗိသုကာလက်ရာတွေဟာ ပြင်သစ်အငွေ့အသက်တွေလွှမ်းခြုံနေဆဲပဲ။ Church ကျောင်းတွေအပြင် Cafeတွေဟာလည်း လမ်းတစ်လျှောက်စည်ကားနေတယ်။
ရိုးရိုးကော်ဖီတစ်ခွက်မှာပြီးနောက် ချန်အန်းလွယ်အိတ်ထဲကစာအုပ်ကိုထုတ်လိုက်သည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...