Final Side story (ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာဘဝ)

2.1K 182 26
                                        

Side story အပိုင်း (၆)
(ရင်ခုန်စိတ်လှုပ်ရှားဖွယ်ရာဘဝ)

ချန်အန်းသည် ဤကဲ့သို့သော 'စိတ်လှုပ်ရှားဖွယ်ရာဘဝ'ကိုနှစ်ချိူက်လာသည်။ သူဟာဒီနေ့မှာ လယ်စိုက်ကောင်းစိုက်နေနိုင်သလို နောက်တစ်နေ့ ကားပြပွဲမှာမော်ဒယ်တစ်ယောက်အနေနှင့်လည်းရပ်ကောင်းရပ်နေမည်။ စိတ်သာရှိရင် ဒီဇိုင်နာပါထလုပ်လိုက်ဦးမည်။ ဘာကြောင့်ဆို သူဟာသေနတ်ကိုင်တတ်ရုံတင်မဟုတ်ဘဲ ကပ်ကြေးနဲ့ပါအနုပညာဖန်တီးနိုင်စွမ်းလည်းရှိသောကြောင့်ပင်။

" ငါအခုဖုန်းဆက်လိုက်တာက မနက်ဖြန်ငါမလာဘူး။ ငါကလေးတွေကိုမုန်းတယ် သူတို့ကတအားဆူညံလွန်းတယ်''

ချန်အန်းစကားပြောနေသည်မှာ သူအချိန်ပိုင်းရေကူးနည်းပြ ဝင်လုပ်နေသည့် ရေကူးသင်တန်းကိုဖြစ်သည်။ တစ်ဖက်လူမှာဘာမှမပြောရသေးခင် ချန်အန်းကဖုန်းချပစ်လိုက်သည်။ ဘယ်သူက သူ့လို ရေမကူးတတ်တဲ့လူက ရေကူးနည်းပြဖြစ်သွားတယ်ထင်မှာလဲ။ ဒါဟာ ချန်အန်း၏သူ့အားနည်းချက်ကိုတစ်ချက်ချင်းဖယ်ရှားသည့်နည်းလမ်းဖြစ်သည်။ ပထမကမျက်မှန်တွေကို လေဆာကုထုံးနဲ့ဖယ်ရှားပစ်လိုက်ပြီး ဒုတိယအနေနဲ့ရေကူးသင်ခဲ့သည်။

ဘယ်သူကမှမမြင်ရင်ထင်မှာမဟုတ်။ အကြောက်တရားကင်းလှပါချည်ရဲ့ဆိုသည့် ချန်အန်းမှာ ရေကူးစသင်စဥ်က အိုင်ဗန်အမွှေးထူဝက်ဝံကြီးကိုရေထဲလည်ပင်းညစ်သတ်မိတော့မိအထိဖြစ်ခဲ့သေးသည်။ 'ကြီးမြတ်လှတဲ့ အိုင်ဗန်ကြီး ရေကူးကန်ထဲသူ့ချစ်သူလည်ပင်းညစ်ခံရလို့သေ' ဆိုသည့်သတင်းခေါင်းစဥ်မျိူးက သိပ်မဆိုးလှဟုလည်းချန်အန်းထင်သည်။ ဘာလို့ ဒီသကောင့်သားကတချိန်တုန်းကသူ့ကိုရေကူးကန်ထဲ ရေနစ်အောင်လုပ်ခဲ့ဖူးထားသည်ပဲ။ ချန်အန်းဆိုတာဒီလိုလူပဲလေ ကိုယ်ခံထားရတာတွေကိုဘယ်တော့လက်တုန့်ပြန်ဖို့မမေ့ဘူး။

အားလုံးက အားကြိုးမာန်တက်ကိုယ်ဖိရင်ဖိသင်ပြမှုအောက်မှာ ချန်အန်းနှစ်ဝက်အတွင်း ရေကူးဆရာကြီးဖြစ်သွားသည်။ ဒီလိုနဲ့ချန်အန်းဟာနောက်ပိုင်း အချိန်ရှိရေကူးကန်နားသာအချိန်ဖြုန်းနေခဲ့သည်။ လုဖုန်းနှင့်အခြားသူများကတော့ သေချာပေါက်လွတ်ပျော်သည်ပေါ့။ ဘာကြောင့်ဆို ဘောင်းဘီတိုနှင့်ရေသူထီးတစ်ကောင်လို လူးလားကူးခတ်နေသည့်ချန်အန်းကိုသူတို့်နေ့တိုင်းမြင်နေရသည်လေ။ ရေကူးပြီးတိုင်း ကန်ဘောင်ပေါ် မောမောပန်းပန်းနှင့်ပြန်တက်လာသည့် ရေစက်လက်ကျ ချန်အန်းအလှက နှိုင်းရက်စရာမရှိသော အနုပညာရပ်မလား။

You've reached the end of published parts.

⏰ Last updated: Jan 06 ⏰

Add this story to your Library to get notified about new parts!

Rebirth of Chen An【Zaw + uni】Where stories live. Discover now