အခန်း(၈၁) လက်စွပ်ဗူးထဲက
"ငါ့ကိုလာမရှုပ်နဲ့'' စောင်ကိုကိုယ်တစ်ဝက်ခြုံထားသည့်အမျိုးသားက ကုတင်ခြေရင်းမှ ကလေးထိန်းလိုထိုင်နေသည့်အိုင်ဗန်ကိုအော်ပြောလိုက်သည်။ အိပ်ရာပေါ်သို့ပြန်လဲလျောင်းလိုက်ပြီး ချန်အန်းကိုယ်တစ်ဖက်လှည့်ကာ စောင်ကိုခေါင်းထိဆွဲခြုံပြီး မျက်လုံးမှိတ်လိုက်သည်။
အခန်းကိုပြန်ရောက်တော့ ချန်အန်းရေနွေးနဲ့ရေချိုးပြီး အနည်းငယ်မူးဝေးသလိုခံစားရတာကြောင့် ရေနွေးနည်းနည်းသောက်ပြီး အနားယူရန်ကြိုးစားနေခြင်းဖြစ်သည်။ တကယ်လို့များလိုချင်တဲ့အရေးကြီးပစ္စည်းသာ အိုင်ဗန်လက်ထဲရှိမနေရင် ချန်အန်းဒီဝက်ဝံနောက်ကိုဒီအထိလိုက်လာမည်မဟုတ်ပေ။
"ကိုယ်အပြင်မှာပဲရှိနေမယ် လာမနှောင့်ယှက်တော့ဘူး ကောင်းကောင်းနားပါ အချစ်''
လှုပ်ရှားမှုကင်းမဲ့စွာအိပ်ပျော်နေပုံရသည့် ချန်အန်းကဆံပင်များကိုသာဖော်၍အိပ်စက်နေသည်။ အိုင်ဗန်ခဏလောက်ဆက်ထိုင်နေပြီး ထိုဆံပင်များကိုလှမ်းထိလိုက်သည်။ ဒါကသေလောက်အောင် ခေါင်းမာတဲ့ယောက်ျားတစ်ယောက်ဆိုပေမယ့် သူ့ဆံပင်တွေကတော့သူနဲ့ဆန့်ကျင်ဖက် ပျော့ပျောင်းနေသည်။
ရေကူးကန်ထဲကကိစ္စကို အိုင်ဗန်ပြန်တွေးကြည့်မိသည်။ တကယ်ကသူလိုချင်ခဲ့သည့်အရာသည် ထိုလူကိုယ်တိုင်သူ့ကိုအကူအညီတောင်းခြင်းဖြစ်သည်။ ဒါမှပဲ သူ့ရဲ့ကိုယ်ပိုင်ယောက်ျားသိက္ခာလေးအဖတ်ပြန်ဆယ်နိုင်မည်ပေါ့။ ဒါပေမယ့် အခြေအနေတွေက သူတို့နှစ်ယောက်ကို လမ်းခွနှစ်ခုဆီတွန်းပို့သွားသလို ဆိုးရွားသွားခဲ့သည်။
ဝါရံတာတွင် ရပ်လျက်မီးခြစ်ကိုထုတ်ပြီးသူ စီးကရက်တစ်လိပ်ကိုဂရုတစိုက်မီးညှိလိုက်သည်။ ထိုနောက် ခံစားချက်အပြည့်နဲ့အငွေ့တွေကို ပြန်လည်ရှူထုတ်လိုက်သည်။ ထိုဆေးလိပ်ငွေ့များကြားတွင် သူ့သက်ပြင်းများပါသည်ကိုတော့ သူသာသိလိမ့်မည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...