အခန်း (၁၇၄) သေခြင်းခွဲသည်အထိ (ဇာတ်သိမ်း)

2.1K 232 20
                                    

အခန်း (၁၇၄) သေခြင်းခွဲသည်အထိ (ဇာတ်သိမ်း)

ဂုဏ်ယူစရာမကောင်းတဲ့အတိတ်မည်းတွေမာတာမိခင်ဆီကတရစပ်ထွက်လာတော့ တင်းရှန်းအံ့ကိုတင်းတင်းကြိတ်ပြီး ချန်အန်းကိုမခို့တရို့သာ မကြာခဏခိုးကြည့်ရဲသည်။

''ပြောသားပဲ ကျတော့်မိသားစုကအရမ်းသဘောကောင်းပါတယ်ဆို သူတို့ကခင်များကိုလည်းအရမ်းသဘောကျနေတာ။'' နေ့လယ်စာစားစားပြီးတော့သူတို့အထက်တန်းဆန်သည့်ဥယျာဥ်လေးထဲလမ်းလျှောက်ဖြစ်ကြသည်။ ချန်အန်းမျက်နှာမှာ မကျေနပ်တာ၊ရှက်ရွံတာတွေမတွေ့ရတာမို့ တင်းရှန်းဝမ်းသာမိ၏။

''ကြည့်ရတာ မင်းငါ့ကိုအစောကြီးထဲကစိတ်ဝင်စားနေတာပဲ။ တကယ်ပါပဲ ငါကဒီလိုကောင်လေးငယ်ငယ်က ငါ့နောက်ကိုကြွက်မြှီးတန်းသလိုဘာလို့တကောက်ကောက်လိုက်နေတာလဲလို့တွေးနေတာ။ လောကမှာ ငါတစ်ယောက်တည်းလက်နက်ရောင်းတာမဟုတ်ဘဲနဲ့''

တင်းရှန်းပြောတာမှန်သည်။ သူ့မိသားစုက နွေးထွေးကြင်နာပြီး သဘောထားကြီးသည့်မိခင်နှင့် အသိဥာဏ်
ကြွယ်ပြီးပျော်ပျော်နေတတ်သည့်အစ်မတို့ကြောင့်အတော်ပျော်စရာကောင်းသည်။ သူတို့ကိုမြင်တော့ချန်အန်းရဲ့စိတ်ထဲကမိသားစုဆိုတဲ့အမြင်ကောင်းတစ်ခုကိုထပ်သွင်းပေးလိုက်သလိုပင်။ သူဒီလိုနွေးထွေးမှုမျိူးတစ်ခါမှမခံစားရဖူးပေ။
သူတို့ဆီကကြားရတဲဇာတ်လမ်းလေးတွေကလည်း စိတ်ဝင်စားစရာကောင်းတာလည်းအပါအဝင်ပေါ့။

'' ခင်များနောက်လိုက်ရတဲ့ပထအကြောင်းအရင်းက ခင်များရဲ့အလုံးအရင်းလက်နက်ရောင်းချမှုကြောင့် နောက်တစ်ခုက...'' တင်းရှန်းကခတ္တမျှတုန့်ဆိုင်းပြီးအောက်နှုတ်ခမ်းကိုကိုက်ကာ ချန်အန်းမျက်နှာဘေးတိုက်ကိုလှည့်ကြည့်ရင်းလေသံဖျော့ဖျော့ဖြင့်ဆက်ပြောသည်။ ''ကျတော်ကျောင်းတက်နေတုန်းကခင်များ ပရိုဖိုင်ကိုဖတ်ဖူးတယ်။အဲ့တုန်းက ကျတော်တို့ဆရာကခင်များဗီဒီယိုတွေပရိုဂျက်တာနဲ့ပြခဲ့သေးတာ ဘာလို့မှန်းမသိအဲ့ကတည်းက ခင်များကိုစိတ်ထဲမှတ်မှတ်ထင်ထင်ရှိနေတာပဲ။''

''အင်.. မင်းရဲ့ရင်ဖွင့်သံကိုနားထောင်ရတာဝမ်းသာပါတယ်''

'' ကျတော်ခင်များကိုအရင်ကလည်သဘောကျခဲ့သလို​ ခုလည်းသဘောကျနေတုန်းပဲ နောင်ကိုလည်းဆက်ပြီးသဘောကျနေဦးမယ်''

Rebirth of Chen An【Zaw + uni】Donde viven las historias. Descúbrelo ahora