အခန်း(၃၅) ဗီလိန်အိုင်ဗန်
ချန်ယန်းသူ့ကိုကူညီရင်းအထိုးကြိတ်ခံနေရတာကိုမြင်တော့ချန်အန်းညိမ်မနေတော့ပဲ ထိုသက်တော်စောင့်များကိုမြေပြင်ပေါ်လဲသည်အထိကန်ပစ်လိုက်သည်။ ထိုအခြေအနေကအိုင်ဗန်ကိုပိုလို့တောင်ရယ်မောစေရုံသာမက လုဖုန်း၏အာရုံကိုပါဆွဲဆောင်သွားသည်။
"တော်လောက်ပြီးအိုင်ဗန် ငါတူကိုလွတ်လိုက်'' ချန်အန်းအသံနိမ့်နိမ့်နဲ့အော်ပြောလိုက်သည်။သူအိုင်ဗန်ကိုကြည့်လိုက်ချိန်မှာတော့ အလွယ်တကူ ထွက်သွားဖို့ရာမလွယ်ကူကြောင့်သဘောပေါက်လိုက်သည်။
"မင်းကိုယ့်နံမည်ခေါ်တဲ့အသံလေးကိုယ်အရမ်းကြိုက်တယ် အန်း'' အိုင်ဗန်ပြုံးပြီး သူ့သက်တော်စောင့်တွေကိုလက်ရမ်းပြလိုက်သည်။ ''နည်းနည်းညင်ညင်သာသာလုပ်ပါ တကယ်လို့အဲ့ဒီကောင်လေးဒဏ်ရာရရင် ငါ့အန်းလေးငါ့ကိုစိတ်ဆိုးနေမယ်''
"ဒါလင် သူကတကယ်ပဲမင်းရဲ့တူလေးလား?တူလေးနဲ့ အတူညစာစားတာဘယ်ပျော်စရာကောင်းမလဲ။ကိုယ်နဲ့အတူစားတာကမှပိုကောင်းမှာပေါ့''
အိုင်ဗန်၊ချန်အန်းရှိရာသို့တစ်လှမ်းချင်းလျှောက်လာလေသည်။ ခြေလှမ်းများကနီးကပ်လာသည်နှင့်အမျှ အိုင်ဗန်မျက်လုံးများက ဒီနေ့ချန်အန်းသူ့အလိုကိုလက်မခံလျှင်လွှတ်မပေးနိုင်ဟူသည့် ဆန္ဒကအထင်းသားပေါ်လွင်နေသည်ကိုချန်အန်းမြင်နေရသည်။
"အိုင်ဗန်'' သူနောက်မှာရှိနေသည့်လုဖုန်းကစိတ်မရှည်သည့်လေသံဖြင့်ခေါ်လိုက်သည်။
"အိုး...မစ္စတာလု ခင်များမှာအခြားကိစ္စရှိရင်သွားနှင့်လေ။ကျွန်တော်ကဒီညပါတီကိုမတက်နိုင်တော့ဘူး so sorry'' အိုင်ဗန်ကချန်အန်းကိုမျက်စာပစ်ပြပြီးလုဖုန်းကိုပြောလိုက်သည်။ ပျင်းစရာကောင်းတဲ့ evening party ထက်စာရင် ချန်အန်းနဲ့ကစားတာကမှပိုစိတ်ဝင်စားစရာကောင်းအုန်းမယ်။
CZYTASZ
Rebirth of Chen An【Zaw + uni】
Romansလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...