အခန်း(၁၁၆) ပျိုးခြင်း
LA တွင်ဟောလိဝုဒ်ဆယ်လီများအောင်းတတ်သော ဆင်ခြေပုံးမြို့ငယ်လေးတစ်ခုရှိသည်။
"USမှာလုပ်စရာနည်းနည်းရှိသေးတယ်။ကိုယ့်ကိုယ်ကိုဂရုစိုက်။ မင်းငါ့ကိုခဏခဏဖုန်းဆက်နေရင် USလာပြီးငါ့လာခေါ်ဖို့မလိုတော့ဘူး'' တရုတ်ပြည်ပြန်ရမည့်ချန်အန်းမှာ ဟိုတယ်အခန်းတံခါးဘောင်ပေါ်တွင်ထိုင်ရင် ချန်ယန်းဆီကသာကြောင်းမာကြောင်းကြားသည်နှင့်ဖုန်းချလိုက်သည်။
သူရှိနေတဲ့နေရာကိုလုဖုန်းရောက်လာမှသူအတပ်သိသည်။ ဘာကြောင့် သူအရင်ဘဝကLAရောက်တိုင်း ဒီမြို့ကဒီဟိုတယ်မှာ ဒီအခန်းကိုပဲငှါးလေ့ရှိသည်လေ။ သိပ်ပင်မကြာလိုက် reception ကဖုန်းဆက်လာပြီး သူ့ကိုဒီအခန်းငှားခဆယ်ဆပြန်ပေးမှာမို့ အခြားဈေးတူအခန်းကိုပြောင်းပေးပါလို့ ဧည့်သည်တစ်ယောက်ကတောင်းဆိုနေကြောင်းပြောလာသည်။
ဒါကနည်းနည်းတော့အံ့သြစရာပဲ။ ဒီကောင်စုတ်လေးက အခန်းလေးတစ်ခန်းအတွက်နဲ့ပိုက်ဆံတွေအများကြီးသုံးနေတယ်တဲ့။
ချန်အန်းက လဲလိုရင်လူကိုယ်တိုင်လာပြောလို့ reception ကိုပြန်ဖြေလိုက်ပြီး အခန်းတံခါးကိုမျက်နှာမူလျှက်ထိုင်ကာစောင့်လိုက်သည်။ သိပ်မကြာလိုက်ဘဲလ်သံမြည်လာသည်။ ချန်အန်းလက်မှနာရီကိုကြည့်ပြီး မျက်ခုံးပင့်မိ၏။ မြန်သားပဲ။
ချန်အန်း တံခါးဆီလျှောက်သွားပြီး တံခါးအပေါက်ငယ်ကနေကြည့်လိုက်တော့ အမျိုးသားတစ်ဦးမတ်တပ်ရပ်နေသည်ကိုမြင်ပြီး နှုတ်ခမ်းများကော့တက်သွားသည်။ သူအခုလိုအရာအားလုံးကိုထိန်းချူပ်နိုင်တဲ့ခံစားချက်မျိုးသိပ်ကြိုက်သည်။
တံခါးလက်ကိုင်ကိုင်ပြီးအေးအေးဆေးဆေးတွန်းဖွင့်လိုက်တော့ သူ့မျက်နှာတည်ညိမ်သော်ငြား လုဖုန်းကတော့အံ့သြနေပုံပင်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...