အခန်း (၈) တူဝရီး
ချန်အန်းကွန်ပျူတာရှေ့ထိုင်နေရာကသူ့ကိုခေါ်နေသည့်အသံကိုကြားနေရသည်။ စိတ်အထင်ဟုထင်သော်လည်း အမှန်တကယ်ဖြစ်နေ၏။ သူကွန်ပျူတာကိုခေါင်းစိုက်ကြည့်နေရာက မော့လိုက်ပြီး မီးဖိုချောင်ထဲကအလုပ်များနေတဲ့ကောင်လေးကိုလှမ်းအော်လိုက်သည်။
"ချန်ယန်း မင်းငါ့ကိုခေါ်နေတာလား''
"ဟမ်? ဦးလေး ဘာဖြစ်လို့လဲ''
အေပရွန်းကိုခါးမှာချည်လျှက် အသီးရွက်ကြော်ပူပူတစ်ခွက်ကိုင်ထားသည့် ချန်ယန်းက ခပ်မြန်မြန်စားပွဲပေါ်ချပြီး လက်ကိုခါးစည်းဖုံးနှင့်သုတ်လျှက် ငါးဟင်းကိုဆက်ချက်ရန်ပြင်သည်။ ချန်အန်း ၊ ချန်ယန်းကိုသံသယမျက်လုံးတွေနဲ့ကြည့်လိုက်ပြီး..
"ဘာမှမဟုတ်ဘူး ဆက်လုပ်''
ချန်အန်း သူ့ကြည့်နေတဲ့ကွန်ပျူတာစခရင်ကိုပြန်အာရုံစိုက်လိုက်သည်။ သူတကယ်တစ်ခုခုကြားလိုက်ပါတယ်။
"ဦးလေး ကျွန်တော်တို့ခဏနေစားလို့ရပြီနော်''
ချန်ယန်းက ခပ်သွက်သွက် ပြေးလာပြောပြီးခပ်မြန်မြန်မီးဖိုချောင်ထဲသို့ပြန်ထွက်သွားသည်။ ခဏကြာတော့ ချန်ယန်း ထမင်းခွက်ဘေးမှာ တူတစ်စုံကိုသေသေသပ်သပ်ချလိုက်သည်။ စားပွဲတစ်ခုလုံးက ဟင်အမည်မျိုးစုံဖြင့်အငွေ့တထောင်းထောင်းထနေသည်။ ငါးဟင်း၊ပုစွန်ထုပ် ၊ ဟင်းရွက်ကြော် တို့ကမျက်စိပဒသာဖြစ်၍ မြင်ရုံနဲ့ပြင်သွားရည်ကျချင်စရာကောင်းလှသည်။ အရသာကတော့မေးရန်မလိုတော့။
လွန်ခဲ့တဲ့ရက်တွေကဆေးရုံစာတွေပဲစားခဲ့ရတော့ ချန်အန်းတူကိုအမြန်ကိုင်ပြီး ဟင်းအချို့ကိုကောက်ထည့်စားလိုက်တော့သည်။ ချန်ယန်းက ဂရုတစိုက်ပုဇွန်ကိုအခွံခွာပေးပြီး ချန်အန်းထမင်းပန်းကန်လုံးထဲထည့်ပေးသည်။ ဒီကလေးကငယ်ငယ်လေးနဲ့အမေလိုမျိုးဂရုစိုက်တတ်လွန်းတယ်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...