အခန်း(၃၇) ချန်ယန်းရင်ထဲက နာကျည်းခြင်းမျိုးစေ့
"ဦးလေး၊ ဦးလေး ထပါအုန်း''
ချန်ယန်းအရက်မူးနေသည့်ဦးလေးကိုအိမ်အပြန်လမ်းတစ်လျှောက်လုံးကုန်းပိုးခဲ့သည်။ရောက်ရောက်ခြင်းမီးပင်မဖွင့်နိုင်ပဲတန်းအိပ်ခန်းထဲသို့သယ်သွားလိုက်ရသည်။ ပြတင်းပေါက်အပြင်ဖက်မှလရောင်ဖျော့ဖျော့က ကုတင်ပေါ်မှာလဲလျောင်းနေသည့်ချန်အန်းမျက်နှာပေါ်သို့ဖြာကျနေသည်။ ခပ်ဖွေးဖွေးအလင်းရောင်အောက်တွင် အရက်ရှိန်ကြောင့်နီမြန်းပူနွေးနေသည့်ချန်အန်း၏ပါးပြင်များနဲ့နဖူးတို့ကိုမြင်နေရသည်။
ချန်အန်းအသိစိတ်ပင်မကပ်နိုင်လောက်အောင်မူးနေပြီး သူ့ရဲ့ဗိုက်ကိုဖိရင်းနာနာကျင်ကျင်ငြီးငြူနေတော့သည်။ ဒါဟာဆေးရုံဆင်းပြီးနောက်ပိုင်း ပထမဦးဆုံးအနေနဲ့ချန်အန်းကိုကူရာကယ်ရာမဲ့အနေအထားနဲ့ချန်ယန်းမြင်ဖူးတာပဲ။ဖြစ်ပျက်ခဲ့သမျှအရာအားလုံးကိုပြန်တွေးမိတော့ ဒေါသထွက်လွန်းလို့အဆုတ်များပင်ပေါက်ထွက်မတတ်ခံစားရသည်။တော်သေးတာကအိမ်မှာပျားရည်အချို့ ရှိနေသေးတာပဲ။ ဒါကြောင့်ချန်ယန်းမြန်မြန်လေးရေနွေးနဲ့ပျားရည်ကိုဖျော်လိုက်သည်။ သူကုတင်ပေါ်မှာထိုင်ပြီး ချန်အန်းကိုမ,ထူလိုက်သည်။ ထို့နောက်သူ့ရင်မှာမှီခိုင်းရင်း ပျားရည်ကိုဇွန်းနဲ့တစ်ဇွန်းချင်းစီခပ်တိုက်လိုက်သည်။
အခြားလူတွေအရက်မူးရင် အန်ရင်အန် မအန်ရင်လုံးဝဗြောင်းဆန်နေအောင်သောင်းကျန်းတတ်ကြတယ်။ဒါပေမယ့်ချန်အန်းကတော့သူတို့နဲ့မတူပဲ မူးနေတဲ့အခါ ချစ်ဖို့ကောင်းပြီးနာခံတတ်တယ်။ ကြောင်ပေါက်စလေးလိုပဲသူတိုက်သမျှပျားရည်တွေကို သူ့ရင်ခွင်ထဲမှာညိမ်ညိမ်လေးသောက်နေတော့တယ်။
ပျားရည်အကုန်ကုန်သွားတော့ ချန်အန်းသက်သာသွားပုံပင်။ နာကျင်လို့ငြီးငြူနေသည့်အသံများထွက်မလာတော့။ သူ့မျက်နှာသည်သာနီမြန်းပြီးပူနွေးလျှက်ရှိနေသေးသည်။ ချန်ယန်းရေချိုးခန်းထဲဝင်သွားပြီးဇလုံတစ်လုံးနဲ့အဝတ်တစ်ခုယူလာခဲ့သည်။ ချန်အန်း၏အဝတ်များကဝိုင်များဖြင့်ရွဲနေသည်ကိုအမှတ်ရတော့ သူလဲပေးဖို့စဉ်းစားမိသည်။ဒါပေမယ့်သူ့အတွေးတို့ကစားသောက်ဆိုင်မှာတုန်းကအဖြစ်အပျက်ဆီပြန်ရောက်သွားပြန်သည်။
ESTÁS LEYENDO
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...