အန်း(၈၉) ဝိုင်
အဲ့ဒီနေ့ကသူနိုးလာတဲ့အချိန်မှာ အိမ်ခန်းထဲမဟုတ်ဘဲလေယာဉ်ပေါ်မှာဆိုတာ သိလိုက်ကတည်းကသူ့ကိုယ်သူအဆုံးသတ်သွားပြီဆိုတာ သဘောပေါက်လိုက်သည်။ သူ့ကိုလူသူအရောက်အပေါက်နည်းတဲ့ကျွန်းဆီပို့လိုက်ကြသည်။ လက်ထိပ်တွေခြေကျင်းတွေမခတ်ထားပေမယ့် သူ့ကရေမှမကူးနိုင်တာပဲ။ ရေကူးနိုင်တယ်ဆိုတာအုန်း ဒီကျွန်းကနေရေကူးပြီးထွက်သွားဖို့က ရူးနေတဲ့သူမဟုတ်ရင်တွေးမှာမဟုတ်ဘူး။
"ရှင်သောက်မလို့ဆို''
ရှည်လျားသောအရပ်အမောင်းနှင့် နေခြည်ရောင်ဆံနွယ်များရှိကာ နတ်တစ်ပါးလို လှသည့် အမျိုးသမီးတစ်ဦးသူ့ဘေးလာရပ်သည်။ မိန်းမတွေနဲ့အဆက်အဆံသိပ်မရှိတဲ့ ချန်အန်းတောင်မှမကြည့်ဘဲမနေမိလောက်ကြည့်မိသည်။
"ကျေးဇူးပဲ ကိတ်ယာရှာ ''
ခွက်တစ်လုံးနဲ့ဝိုင်တစ်ပုလင်းကို သူမကချပေးသည်။ ချန်အန်းကျေးဇူးတင်ပြီးနောက် ကိုယ့်ဘာကိုယ်အဖုံးဖွင့်ပြီး ခွက်အပြည့်ငှဲ့သောက်လိုက်သည်။
"ကျွန်မရှင့်ကိုမသနားဘူး အဲ့အပြင်မုန်းတောင်မုန်းသေးတယ်။ အိုင်ဗန်က အယုတ်တမာကောင်လို့ဆိုလို့ရပေမယ့် သူကရှင့်အပေါ်တော့အရမ်းကောင်းတယ်။ အဲ့တာကိုရှင်ကရက်ရက်စက်စက် သေနတ်နဲ့ပစ်ပြီး ထောင်ထဲထည့်ရက်သေးတယ်နော်''
ကိတ်ယာရှာကသူမလက်နှစ်ဖက်ကို ပြည့်ဖောင်းဖောင်းရင်သားအောက်မှာယှက်လိုက်ပြီး ချန်အန်းရှေ့ခြေချိတ်ထိုင်လိုက်သည်။ သူတို့ချန်အန်းကိုဒီကိုခေါ်လာကတည်းက အိုင်ဗန်ကထိခိုက်အောင်မလုပ်ရဘူးလို့အမိန့်ပေးထားလို့သာပေါ့။ တကယ်ပဲ မနာလိုစရာကောင်းလိုက်တာ။
သူမစကားကိုဖုတ်လေတဲ့ငါးပိရှိတယ်လို့တောင်မထင်ပဲ ဝိုင်ကိုသာအေးဆေးသောက်နေတဲ့ ချန်အန်းကိုကြည့်ပြီး သူမ မနေနိုင်မေးမိသည်။ ''ရှင် အိုင်ဗန်ကိုနည်းနည်းလေးမှခံစားချက်မရှိဘူးလား''
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...