အခန်း (၁၆၃) နောက်ဆက်တွဲအကျိူးရဲ့အရသာ
တစ်လဆိုသည့်အချိန်ကသိပ်ကြာသည်တော့မဟုတ်သော်ငြားလည်း ဘတ်စကတ်ဘောကစားမည့်အသင်းတစ်ခုအတွက်ကတော့ စည်းလုံးခြင်းကိုတည်ဆောက်
နိုင်ပြီး ကျောက်ကျစ်လျန်၏ပိုင်ဆိုင်မှုကိုဖျက်ဆီးရန်အချိန်လုံလောက်ပေသည်။
ကျောက်ကျစ်လျန်၏နိုက်ကလပ်မှာ ရစရာမကျန်အောင်စုတ်ပြတ်သပ်သွားပြီး စားသောက်ဆိုင်ကိုတော့ အများပြည်သူကိုအထိတ်တလန့်မဖြစ်စေချင်တာမို့ ဆီဟောင်းတွေပြန်သုံးပြီးချက်သည်သောအချက်ကိုသာသတင်းလွင့်လိုက်သည်။ ယုံကြည်ရသည့်အဖွဲ့အစည်းကိုခေါ်ပြီး ပထမအကြိမ်ကအတိုင်းတင်းရှန်းကိုအကူအညီတောင်းစစ်ဆေးကြည့်တော့ ထိုစားသောက်ဆိုင်များတွင် လျှိူထားသောတရားမဝင်ဆေးများထွက်လာသည်။
စိတ်မကောင်းစွာဘဲကျောက်ကျစ်လျန်မှာရဲခေါ်၍လည်းမရပေ။ဘာကြောင့်ဆိုသူကိုယ်တိုင်ကအပြစ်ကင်းမှမနေဘဲ။အခုတော့သူ့ခင်မျာအံကြိတ်ပြီး လျှာမပါ ဆွံ့အသူလိုကြိတ်ခံနေရသည်။
'' ဘုရားရေ ဒီနေ့လူတွေဘယ်လောက်များလဲဆိုတာရှင်တို့သိလား။ လူတွေလူတွေဆိုတာ ပွဲတော်ကြီးလိုကြိတ်ကြိတ်တိုးပဲ။'' ဝမ်လီက ကစားပွဲမတိုင်ခင်ဆွေးနွေးနေကြသည့်ချန်အန်းတို့ရှိရာကို အမောတကောဖြင့်ပြေးလာလျက်ပြောသည်။
ပွဲကြည့်ပရိတ်သတ်ခုံများမှာအလွတ်ပင်မရှိ။ အတန်းနှစ်တန်းချစ်ကြည်ရေးကစားပွဲသက်သက်သာဖြစ်သော်လည်း တစ်ကျောင်းလုံး၏စိတ်ဝင်စားမှုကိုခံနေရသည်။ ပုံမှန်အားကစားဆိုစိတ်မဝင်စားသည့်မိန်းကလေးများကပါပွဲကြည့်ပရိတ်သတ်ခုံတစ်ဝက်လောက်ကိုနေရာယူထားကြသည်။
'' ဟုတ်လားအဲ့လိုမှန်းသိ တံခါးဝကနေစောင့်ပြီးဝင်လာသမျှလူတိုင်းကို ၁၀ယွမ်လိုက်တောင်းပါတယ်။ ဒါဆိုသူဌေးဖြစ်မှာပဲ ''ချန်အန်းကဟာသနှောလျက်ပြန်ပြော လိုက်သည်။ ချန်အန်းစကားကိုကြားတော့ နားနေခန်းထဲကအခြားသူများပင်မနေနိုင်ထရယ်ကုန်ကြသည်။ ချန်အန်းအပြုံးများကလည်းမျက်လုံးထဲထိပင် မြင်နေရသည်။ လွန်ခဲ့သည့် သုံးနှစ်ကသာဆိုသူ့အနေနဲ့ တက္ကသိုလ်မှာဆရာဖြစ်လာမယ်လို့လည်းတွေးမိမှာမဟုတ်သလို သူ့ကိုအခုလိုချစ်ပေးပြီးကူညီပေးကြတဲ့သူတွေအများကြီးရှိလာလိမ့်မယ်လို့လည်းထင်ခဲ့မိမှာမဟုတ်ပေ။ အထူးသဖြင့်အခုလို စိတ်ဖိအားမရှိဘဲအပူအပင်ကင်းသည့် သာမန်ဘဝကိုဖြတ်သန်းနေရမယ်လို့မတွေးခဲမိပေ။
VOCÊ ESTÁ LENDO
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...
