အခန်း(၅၃) ပထမဦးဆုံးအကြိမ် လူသတ်ခြင်း
ငါးတန်း၊ ခြောက်တန်းမျှ အစဉ်လိုက်တန်းစီထားသော လူများက ခေါင်းတွင်အနက်ရောင်အဝတ်များအစွပ်ခံထားရပြီး လက်များကိုလည်းနောက်ပစ်ကြိုးတုပ်ထားက မြေပြင်တွင်ဒူးထောက်ခိုင်းထားသည်။ ချန်အန်းအနေဖြင့် သူတို့၏ငိုယိုတောင်းပန်နေသည့် အသံများကိုပင်ကြားနေရသည်။
"သူ...သူတို့ဘာလုပ်နေတာလဲ''
ဝမ်ဟောင် သူ့ရှေ့မှလူများကို ကြည့်ရင်း နဂိုဖျော့တော့နေသည့်မျက်နှာကပိုလို့ သွေးရောင်ပျောက်သွားသည်။
ချန်အန်း က နံဘေးမှချန်ယန်းကို လှည့်ကြည့်လိုက်ပြီးဘာမှမပြောပေ။ ဒီလူတွေဘာလုပ်နေသလဲ သူသိသလို ဝံပုလွေကသူတို့ဘာကစားဖို့ ဖိတ်ခေါ်သလဲ ဆိုတာလည်းသူအတပ်သိသည်။
"ဗိုလ်ချူပ် Assadဆီမှာ သတ်မှတ်ထားတဲ့စည်းကမ်းမဟုတ်ပေမယ့် ထုံးစံတစ်ခုရှိတယ်။အဲ့တာက ဝယ်ထားတဲ့လက်နက်မှန်သမျှ သွေးစွန်းရမယ်။ မစ္စတာချန် က လောင်စစ်ရဲ့လူဆိုတော့ ဒီအခွင့်အရေးကို မစ္စတာချန်ကိုပေးလိုက်မယ်''
ဝံပုလွေ က ပြုံးလိုက်ပြီး ရွှေသွားများပေါ်စေကာ မျက်လုံးတို့ကသွေးဆာနေ၏။ ချန်အန်း ဆီကShowကောင်းတစ်ခုစောင့်ဆိုင်းနေသည့်ပုံရသည်။
လက်နက်ရောင်းတယ်ဆိုတာ မင်းကိုယ်တိုင်လက်နဲ့သတ်ရမယ်လို့ဆိုလိုတာမဟုတ်ဘူး။ တစ်ဘဝလုံးလက်နက်အရောင်းအဝယ် လုပ်ဖူးတဲ့လူတစ်ချို့တောင် တစ်ခါလေးမှလူမသတ်ဖူးတာမျိုးရှိတယ်။
ချန်အန်းမှတ်မိသေးသည်။ သူလူသတ်ခဲ့စဉ်ကတည်ညိမ်နေခဲ့သည်။ အိမ်ပြန်ရောက်ခါမှ မူးနေအောင်သောက်ပြီးမျက်လုံးပင်မမှိတ်နိုင်ခဲ့ ၊ သူသတ်ခဲ့သည့်လူက သူ့အိပ်ရာရှေ့တွင်ရပ်နေပြီး သူ့ကိုသွေးများတောက်တောက်ကျနေသည့်မျက်နှာနှင့်ရပ်ကြည့်နေသည်။
YOU ARE READING
Rebirth of Chen An【Zaw + uni】
Romanceလက်နက်ရာဇာချန်ကျန်းအန်းဟာသစ္စာဖောက်လက်ထဲကိုယ့်ကိုယ်ကိုယ်အဆုံးစီရင်ပြီး အခြားခန္ဓာတစ်ခုမှာပြန်နိုးထလာခဲ့တယ်။ သဘာဝဖြစ်ရပ်လွန်ကိစ္စအတွက် ချန်အန်းဟာအထူးတလည်းအံ့ဩမနေပါဘူး။ မသေခင်ကမြေခွေးအိုလို့နာမည်ကြီးတဲ့သူဟာ ခန္ဓာပြောင်းသွားလဲ ဘဝကိုဘယ်လိုအနိုင်ယူရမယ်ဆိ...