ရောက်ပါပြီ။ကျယ်ဝန်းလှတဲ့အိမ်ဝိုင်းကြီးထဲမှာ
ခန့်ခန့်ညားညားတည်ရှိနေတဲ့ပျဉ်ထောင်နှစ်ထပ်အိမ်ကြီးတစ်အိမ်။အိမ်ကြီးရဲ့ဘေးတစ်ဖက်မှာကမီးဖိုချောင်နဲ့တခြားဘက်မှာကမန်ကျည်းပင်
အုပ်အုပ်ဆိုင်းဆိုင်းကြီးတစ်ပင်။ဇမ္ဗူ့ ကိုလိုက်ပို့တဲ့ဦးလေးကြီးကအိမ်ဝိုင်းထဲဝင်
ပြီးလှမ်းအော်သည်။“ထနောင်းရေ…ဟေး…ထနောင်း"
“လာပြီ"
အိမ်ထဲကနေထနောင်းထွက်လာသည်။
“ဘာလဲလေးထွန်း"
“ဒီမှာကွာဒီဧည့်သည်ကမင်းကိုတွေ့ချင်လို့တဲ့”
ထနောင်းဧည့်သည်ကိုကြည့်လိုက်မိသည်။မြို့
သားတစ်ယောက်ပဲ။ဝတ်ပုံစားပုံအသားအရောင်ကအစရွာသားတွေနဲ့ကွဲပြားခြားနားသည်။အ
ရပ်အမောင်းကခြောက်ပေကျော်ခန့်ရှိမည်ဟု
ထင်ရသည်။စတိုင်ပန်အနက်ရောင်နဲ့အပြာစင်းလေးတွေပါတဲ့ရှပ်လက်ရှည်ကိုဝတ်ထားသည်။သူ့အဝတ်
အစားနဲ့သူ့ရဲ့ရှည်လျားတောင့်ဖြောင့်နေတဲ့ခန္ဓာကိုယ်ကလိုက်ဖက်ညီလှသည်။သူ့ပုခုံးထက်တွင်ကျောပိုးအိတ်တစ်လုံးလွယ်ထားသည်။မျက်နှာပုံပန်းသဏ္ဌာန်ကိုထနောင်းဘာမှတ်ချက်မှမပေးချင်ပေမဲ့ကိုရီးယားကားထဲကမင်းသားတွေလိုမှုံနေအောင်ချောသည်ဟုတော့ဝန်
ခံရပေမည်။လေးလေးထွန်းက-“ကဲငါသွားပြီဟေ့…ဒီဧည့်သည်ကိုမင်းပဲဧည့်ခံလိုက်တော့”
လေးထွန်းပြန်သွားတော့ထနောင်းက-
“ဧည့်သည်အိမ်ထဲဝင်ပါဦး"
ဇမ္ဗူ အိမ်ထဲဝင်ပြီးထိုင်ခုံတစ်လုံးတွင်ဝင်ထိုင်လိုက်သည်။ထနောင်းကမီးဖိုချောင်ဘက်ဝင်သွား
ပြီးပြန်ထွက်လာတော့လင်ပန်းတစ်ချက်နဲ့ရေနွေးဓာတ်ဗူး၊ရေနွေးပန်းကန်တွေပါလာသည်။ပြီးတော့ကြွေပန်းကန်ပြားသေးသေးလေးနဲ့ထည့်ထားတဲ့ထန်းလျက်ခဲညိုညိုလေးတွေ။ထနောင်းကလင်ပန်းကိုစားပွဲပေါ်ချပြီး-“သုံးဆောင်ပါဦး”
“ဟုတ်ကဲ့ခင်ဗျ"
“ကျွန်တော့်ကိုတွေ့ချင်တာဘာကိစ္စလဲဗျ"
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့