နောက်တစ်နေ့မနက်မိုးလင်းတော့ထနောင်းရွာ
ပြန်ပြီးစည်းထဲကအလုပ်သမားတွေကိုအလုပ်ခွဲ
ပေးသည်။ပြီးတော့တောထဲကနှစ်ယောက်အတွက်ထမင်းထုပ်သယ်ပြီးသွားပို့သည်။မနက်စာစားပြီးတဲ့အချိန်မှာပဲစပါးပွဲစားရဲ့ထော်လာဂျီကတောထဲရောက်လာသည်။အောင်သီဟကတော့လူရည်လည်လာပါပြီ။စပါးမကျုံးခင်ထမင်းဝအောင်အရင်စားထားနှင့်သည်။
စပါးခြင်တဲ့အချိန်မှာပွဲစားနဲ့ထနောင်းကဘေး
ကနေရပ်ပြီးစပါးတင်းရေမှတ်သည်။အောင်စု
ကစပါးကျုံးပေးသည်။ဇမ္ဗူ နဲ့အောင်သီဟကစပါးတောင်းတွေထမ်းပြီးထော်လာဂျီပေါ်သွားပို့သည်။ထော်လာဂျီသမားကထော်လာဂျီပေါ်ကနေစပါးတောင်းတွေတဆင့်လှမ်းယူပြီးမိုး
ကာခင်းထားတဲ့ကားထဲသွန်ချသည်။စပါးကသွန်လိုက်ရင်ရောသွားတာမို့အရေအတွက်မှားသွားရင်ပြန်ခြင်ဖို့မလွယ်။ထနောင်းနဲ့ပွဲစားကသတိထားပြီးရေတွက်နေရသည်။
အကုန်လုံးကိုယ့်အလုပ်နဲ့ကိုယ်အကွက်စေ့
အောင်လုပ်ရသည်။ဇမ္ဗူ နဲ့အောင်သီဟလည်း
မခိုမကပ်လုပ်ရသည်။မလုပ်ဖူးပေမဲ့လည်းပေါ့…ဆရာတပည့်နှစ်ယောက်ကုမ္ပဏီမှာဆိုရင်မျက်
နှာတွေကတင်းထန်ပြီးမော်ကြွားနေသည်။စကား
ပြောလျင်တိုတိုပြတ်ပြတ်ပြောတတ်လို့ဝန်ထမ်း
တွေဘယ်သူမှအတွန့်မတက်ရဲအောင်ကြောက်
ရသည့် CEO နှင့်အတွင်းရေးမှူး။သပြေတန်းရွာမှာတော့အိမ်သူသက်ထားဇနီး
မယားကြည်ဖြူ အောင်လုပ်လိုက်ရတာနဖူးက
ချွေးခြေမကျတယ်ဆိုတာလက်တွေ့။စပါးတင်းနှစ်ရာကိုကျုံးတောင်းထဲကနေတင်းတောင်းထဲထည့်ခြင်ပြီးထော်လာဂျီပေါ်ထမ်းတင်
ရတာဝတ်ထားတဲ့အင်္ကျီမှာစိုရွှဲနေတဲ့ချွေးတွေကရေညှစ်သလိုညှစ်ချလို့ရသည်။စပါးတွေခြင်ပြီးသွားတော့ထော်လာဂျီပြန်ထွက်
သွားသည်။ဆရာတပည့်နှစ်ယောက်တဲပေါ်မှာ
ပက်လက်လန်နေသည်။အောင်စုကကောက်ရိုး
တွေသယ်ပြီးတမာပင်ရိပ်တွင်ကောက်ရိုးတွေ
ဖြန့်ခင်းသည်။ကောက်ရိုးတွေဖျာနှစ်ချပ်စာလောက်ခပ်ထူထူခင်းပြီးသွားတော့မှ-
VOCÊ ESTÁ LENDO
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့