ထနောင်းတို့အိမ်ရှေ့ကမြေကွက်လပ်တွင်ထ
နောင်းကမန်ကျည်းပင်ရိပ်လွတ်သည့်နေပူပူထဲ
မိုးကာကြီးဖြန့်ခင်းနေသည်။ဇမ္ဗူ က-“အသက်အဲဒါဘာလုပ်မလို့လဲ"
“ပဲတီလှမ်းမလို့…လာအိမ်ပေါ်တက်ရအောင်"
ခေါ်ပြန်ပြီ…အိမ်ပေါ်လို့ပြောရင် ရင်မခုန်တော့ဘူး။ခိုင်းမလို့ခေါ်တာ။
အပေါ်ထပ်ကိုရောက်တော့အခန်းထောင့်တွင်ပုံထားသည့်ပဲအိတ်တွေထဲကနှစ်အိတ်ကိုလက်
ညှိုးထိုးပြသည်။တစ်အိတ်ကိုပဲတီစိမ်းတစ်တင်းစီပါသည်။ကိုထနောင်းနဲ့တစ်ယောက်တစ်အိတ်
စီသယ်ပြီးအောက်ဆင်းလာကြသည်။ပဲတီတစ်တင်းကစပါးတစ်တင်းထက်ပိုလေးသည်။ထနောင်းကိုကြည့်ပြီးတောသားလူရိုးကြီးကိုသနားလာမိသည်။သူ့ဘဝမှာသက်သောင့်သက်
သာနေရတယ်လို့ကိုမရှိဘူး။သူလုပ်တဲ့အလုပ်
တိုင်းကလည်းသက်သာတဲ့အလုပ်မရှိသလိုအလုပ်နဲ့လက်ကလည်းမပြတ်။နေပူထဲခင်းထား
တဲ့မိုးကာပေါ်ပဲတီတွေသွန်ချပြီးဇမ္ဗူ က-“ဒီပဲတီတွေကဘာလုပ်ဖို့လဲ"
“အပင်ဖောက်မှာလေ။အလှူအတွက်ပဲတီချဉ်သိပ်ရမှာ။သရက်ချဉ်ကလွယ်လွယ်ဝယ်လို့ရပေမဲ့ဒီကလူတွေကပဲတီချဉ်ပိုကြိုက်ကြတယ်။ငါဆိုရင်
လည်းပဲတီချဉ်သုပ်၊ငရုတ်သီးကြော်နဲ့သပြွန်း
ဟင်းဆိုအသေကြိုက်တာ"သြော်သေလောက်အောင်ကြိုက်တယ်ပေါ့နော်။ကျုပ်ကိုများသေလောက်အောင်ကြိုက်စမ်းပါ။ခင်
ဗျားတစ်ကိုယ်လုံးကိုရွှေချပြီးသိမ်းထားမယ်။တစ်ဘဝလုံးချစ်မယ်။တစ်သက်လုံးအလိုလိုက်မယ်။နှစ်ယောက်သားပဲတီတွေအပုံလိုက်ကြီးကိုညီ
အောင်ဖြန့်နေရင်းဇမ္ဗူ တွေးမိသည်။ကမ္ဘာပေါ်
တွင်အလှူအတန်းအရက်ရောဆုံးတိုင်းပြည်က
မြန်မာပြည်ဖြစ်သည်ဟုအသိအမှတ်ပြုခံထား
ရသည်။ကမ္ဘာ့အဆင်းဆုံးနိုင်ငံများစာရင်းတွင်ပါဝင်နေသည့်မြန်မာပြည်ကအဘယ့်ကြောင့်အလှူပေးမှုတွင်အများဆုံးတိုင်းပြည်ဖြစ်ရပါသနည်း။တခြား
သောလှူဒါန်းမှုများကိုတော့သူမပြောလိုပါ။သူ့မျက်စိရှေ့တွင်လောလောလတ်လတ်မြင်တွေ့နေရသည်ကသပြေတန်းရွာနှင့်အနီးတဝိုက်တွင်
ကျင်းပသောသားရှင်ပြုအလှူပွဲများဖြစ်သည်။
ESTÁS LEYENDO
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့