အခန်း(၃၁)

7.8K 530 6
                                    

အောင်စုကသူ့လက်ထဲကပေါင်မုန့်တစ်ချပ်ကို
အောင်သီဟကိုပေးသည်။အောင်သီဟကပေါင်မုန့်ကိုဖဲ့ပြီးငါးကန်ထဲပစ်ချလိုက်သည်။ငါးတစ်
ကောင်ကသူပစ်ချလိုက်တဲ့ပေါင်မုန့်ကိုလှမ်းဟပ်
ပြီးရေအောက်ငုံ့လျိုးသွားသည်။

“တူမောင်မယ်မုန့်ကလေးဖဲ့ကာ…ဖဲ့ကာ…ကျွေး
လိုက်ချင်သည်”ဆိုတဲ့ငွေဇင်ယော်သီချင်းကိုက
လေးဘဝကတည်းကကြားဖူးခဲ့ပေမဲ့စိတ်ထဲမှာဘာသိဘာသာပဲ…ခံစားချက်မည်မည်ရရမရှိခဲ့။

အမှန်တကယ်သီချင်းရဲ့အနှစ်သာရကိုအောင်စုနဲ့တွေ့မှပဲခံစားတတ်ခဲ့ပြီလေ။

ငါးကန်၏ရှေ့တွင်ဘုရားဆင်းတုတော်ကြီးတစ်
ဆူကိုနဂါးမင်းကပါးပြင်းဖြင့်မိုးထားသည့်ဟန်နဂါးရုံဘုရားရှိသည်။ဘေးပတ်လည်တွင်ရေကန်
ငယ်လေးပြုလုပ်ထားပြီးနဂါးရေကန်တော်ကြီးကုသိုလ်ရှင်ရုပ်ရှင်သရုပ်ဆောင်အကယ်ဒမီရဲ
အောင်ဟုကျောက်စာရေးထိုးထားသည်။

ကောက်စိုက်မတွေကလက်အငြိမ်မနေကြဘဲ
ကန်ထဲကရေတွေနဲ့နဂါးရုပ်ကြီးကိုပက်ကြသည်။ရှေ့လူကရေနှင့်ပက်တာကိုမြင်လျှင်နောက်
လူတွေကလည်းနဂါးရုပ်ကြီးကိုရေနှင့်လာပက်
ကြသည်။သူများလုပ်သမျှလိုက်လုပ်ကြသည်မှာ
မြန်မာလူမျိုးများ၏အကျင့်ပင်ဖြစ်သည်။ကားဒရိုင်ဘာကသူတို့ကိုလှမ်းစသည်။

“ခင်ဗျားတို့နော်…နဂါးကြီးကိုရေနဲ့သွားပက်နေတယ်။နဂါးကြီးစိတ်ဆိုးပြီးနောက်ကလိုက်လာ
ရင်တစ်လမ်းလုံးမိုးရွာနေဦးမယ်"

ဒရိုင်ဘာပြောလိုက်သည့်စကားကတော်တော်
ထိရောက်သည်။ရေပက်နေကြသည့်လူတွေတစ်ပြိုင်တည်းရပ်သွားကြသည်။အောင်စုကငါးကန်ဘက်ကပြန်လာပြီးညောင်ပင်ဘေးကအင်ကြင်းပင်ကိုသွားကြည့်သည်။အင်ကြင်းပင်ကိုဝါးလုံးများဖြင့်ကာထားပြီးပန်းမခူးရဟုစာကပ်ထားသည်။အင်ကြင်းပန်းတွေကအကိုင်းအခက်များမှမပွင့်ဘဲပင်စည်ကိုယ်လုံးကြီးမှဖူးပွင့်နေကြသည်။

အင်ကြင်းပန်းကိုမြင်တော့အောင်စုတွေးမိသည်။အင်ကြင်းပန်းကမြန်မာလူမျိုးများနှင့်အလွန်
ပင်ရင်းနှီးမှုရှိသည်။မြတ်စွာဘုရားရှင်ကိုလုမ္ဗနီသာမောအင်ကြင်းတောတွင်ဖွားမြင်တော်မူခဲ့
သောကြောင့်ဖြစ်သည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Donde viven las historias. Descúbrelo ahora