အခန်း(၃၇)

7.1K 508 1
                                    

“အား…”

“ခွပ်”

“အမေ့"

ထနောင်းကရုတ်တရတ်ကြီးထအော်ပြီးကျုံးထလိုက်သည့်အခိုက်ထနောင်းရဲ့ခေါင်းကဇမ္ဗူ့ 
နဖူးကိုဝင်တိုက်မိသည်။

ဇမ္ဗူ လည်းအိပ်ယာပေါ်လက်ထောက်ပြီးငုံ့ကိုင်း
နေရာကနေနဖူးကိုလက်နဲ့ဖိပြီးမတ်ခနဲ့ဖြစ်သွားရသည်။ထနောင်းကသူ့ခါးနားရောက်နေတဲ့စောင်ကိုလည်ပင်းထိဆွဲခြုံလိုက်ပြီးသူ့ကိုမျက်လုံးအ
ပြူးသားနဲ့ကြည့်နေသည်။

ဇမ္ဗူ ကခါးမှာသဘက်တစ်ထည်ပတ်ထားပြီးအ
ပေါ်ပိုင်းကဗလာကျင်းနေသည်။တင်းရင်းကျစ်
လျစ်နေတဲ့လက်မောင်းကြွက်သားကြီးတွေ၊အဖုအထစ်ထနေတဲ့ရင်အုပ်ကြွက်သားကြီးတွေ၊သဘက်တစ်ထည်ကိုလျော့ရဲရဲပတ်ထားတဲ့အဆီမရှိတဲ့ဗိုက်သားပြင်ချပ်ချပ်၊ပြီးတော့မစိုမခြောက်ဖြစ်နေတဲ့ဆံပင်တွေနဖူးပေါ်ဝဲကျနေလျက်သူ့ကိုဝါးစားတော့မတတ်စိုက်ကြည့်နေတဲ့မျက်လုံး
ကြီးတွေ…

ဇမ္ဗူ ကထနောင်းရဲ့ပြူးဝိုင်းနေတဲ့မျက်လုံးတွေကို
မြင်တော့နှုတ်ခမ်းတွေတွန့်ကွေးသွားသည်အထိ
ပြုံးနေသည်။ဘယ်တော့မဆိုသူ့အပြုံးကလူယုတ်
မာအပြုံး။သူကထနောင်းကိုငုံ့ကိုင်းပြီးကြည့်လာ
ပြန်သည်။

ထနောင်းစောင်ကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်
ထားပြီးအော်ထုတ်မိသည်။

“ငါ့နားမလာနဲ့"

“မလာပါဘူး"

“မလာရင်ဘာလို့ငါ့ပေါ်ရောက်နေတာလဲ"

“ခင်ဗျားပေါ်မရောက်သေးပါဘူး။လေထဲမှာပဲရှိပါသေးတယ်”

ဇမ္ဗူ ညစ်ကျယ်ကျယ်တစ်ချက်ပြုံးလိုက်ပြန်သည်။

“ခင်ဗျားပေါ်ရောက်တယ်ဆိုတာဘယ်လိုဟာလဲခင်ဗျားသိချင်လား"

“မသိချင်ဘူး"

“သိချင်ရင်လုပ်ပြမလို့"

“လုပ်မပြနဲ့"

“ဘာလို့လဲ"

“အယုတ်တမာကောင်…သွားအင်္ကျီဝတ်”

“အဟွန့်…ဝတ်မှာပါ။ကိုယ်လည်းပဲချမ်းနေပါပြီ”

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Dove le storie prendono vita. Scoprilo ora