အောင်စုအိမ်အပေါ်ထပ်ကအခန်းထဲကိုဝင်လာ
တော့အောင်သီဟကအဝတ်တွေအကုန်ချွတ်
ထားပြီးရေလဲပုဆိုးတစ်ထည်နဲ့ဖြစ်နေသည်။“ရေချိုးရအောင်စုလေး”
“ကျွန်တော်မချိုးတော့ဘူး။ကိုကြီးပဲချိုး"
အောင်စုကအောင်သီဟချွတ်ပုံထားတဲ့အဝတ်
တွေကောက်ယူလိုက်သည်။“စုလေးဘာလုပ်တာလဲ"
“လျှော်ပေးမလို့”
“မလျှော်နဲ့စုလေး။အဝတ်လျှော်စက်ရှိတယ်”
“ဘယ်မှာလဲ”
“နောင်းနောင်းခြံထဲကအိမ်မှာလေ။ကိုကြီးအတွက်အခန်းသီးသန့်ရှိတယ်။ရေချိုးခန်းလည်းရှိတယ်။အဝတ်လျှော်စက်လည်းရှိတယ်"
“အဲဒါဆိုဘာလို့ကျွန်တော့်အိမ်လာနေတာလဲ”
“စုလေးနဲ့နေချင်လို့ပေါ့”
“ဒုက္ခခံလို့ကိုကြီးရာ”
“ဟုတ်ပ…ဒုက္ခကိုဒုက္ခလို့မမြင်အောင်ကိုကြီးကို
ပြုစားထားတယ်။အတော်ဆိုးတဲ့ကလေး”“ဘယ်သူ့ကိုပြောတာလဲ”
မျက်လုံးပြူးလေးနဲ့ကြည့်ရင်းမေးလိုက်တဲ့အောင်စုရဲ့နားရွက်ဖျားလေးကိုသူ့နှုတ်ခမ်းနဲ့ဖိကပ်နမ်းပြီးမှခပ်တိုးတိုးပြောလိုက်သည်။
“အောင်စုဆိုတဲ့ကလေးကတော်တော်ဆိုး
တယ်သိလား”“ဟင်”
အောင်စုမော့ကြည့်လိုက်တော့အောင်သီဟအ
ခန်းထဲကနေလှစ်ခနဲ့ထွက်ပြေးသွားသည်။>>>>>>>>
အောင်သီဟရေချိုးပြီးအဝတ်လဲနေစဉ်အောင်စုအခန်းထဲဝင်လာသည်။
“ကိုကြီး"
အောင်သီဟအင်္ကျီကြယ်သီးတပ်နေရင်းအောင်
စုဘက်လှည့်လာသည်။အောင်သီဟပုံစံကရေချိုးပြီးစမို့လန်းဆန်းနေသည်။အောင်သီဟရဲ့မေး
ရိုးထင်းထင်းနဲ့ယောက်ျားပီသလှတဲ့မျက်နှာကိုအောင်စုငေးကြည့်နေမိသည်။ကိုကြီးဆီကရေချိုးဆပ်ပြာနံ့သင်းသင်းလေးရနေသည်။ကိုယ်သုံးနေကျဆပ်ပြာကကိုကြီးသုံးမှပိုမွှေးနေသည်။ပြီးတော့အောင်သီဟရဲ့ရင်အုပ်ကျယ်ကျယ်တွေဆီအကြည့်ရောက်သွားသည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့