ဘုရားကြီးထဲကထွက်လာတော့မနက်ခင်းအ
စောကြီးပဲရှိနေသေးသည်။“စုလေးဘယ်သွားချင်လဲ”
“ကျုံးဘေးမှာလမ်းလျှောက်ချင်တယ်"
“အင်းသွားကြမယ်လေ"
မန္တလေးကျုံးမြို့ရိုးကြီးရှိတဲ့ဆီအောင်သီဟကား
မောင်းလာခဲ့သည်။ကျုံးတောင်ဘက်မျက်နှာစာကတော့လူတော်တော်ရှုပ်သည်။ကျုံးဘေးတစ်လျှောက်လေကောင်းလေသန့်ရှူရင်းကျန်းမာရေးအတွက်လမ်းလျှောက်ကြတဲ့လူတွေတော်တော်
များသည်။ထို့ကြောင့်လူရှင်းသည့်ကျုံးအရှေ့ဘက်ကိုပဲလာခဲ့သည်။လမ်းဘေးတစ်နေရာတွင်ကားရပ်ပြီးစု
လေးကိုခေါ်ကာကျုံးဘေးပလက်ဖောင်းတွင်လမ်းလျှောက်ကြသည်။ကိုယ်မြတ်နိုးရတဲ့လူသားလေးကကိုယ့်ဘေးမှာရှိနေတော့အသေးအမွှားလေးကအစဘာလုပ်
လုပ်အဓိပ္ပာယ်ရှိနေသည်။ဘုရားမှာတောင်းခဲ့တဲ့ဆုကိုက“စုလေးရဲ့လိုအင်ဆန္ဒမှန်သမျှဖြည့်ဆည်းပေးနိုင်တဲ့သူဖြစ်ရပါလို၏”လို့ဆုတောင်းခဲ့တာ။စုလေးပါးစပ်ကဖြစ်ချင်တယ်လို့ပြောတဲ့အရာမှန်သမျှသူအကုန်ဖြည့်ဆည်းပေးချင်သည်။ဖြည့်ဆည်းပေးနိုင်ဖို့လည်းသူကြိုးစားမည်။
ကျုံးတစ်မျက်နှာကိုနှစ်မိုင်ရှည်လျားတာမို့ကျုံးတစ်ဝက်လမ်းလျှောက်လိုက်တာတစ်မိုင်ခရီး။သူ
အောင်စုကိုလှည့်ကြည့်မိသည်။“အဟီး…”
ဘာလဲမသိဘူးကွာ။သူ့မျက်နှာကြည့်မိရင်ကို
ရယ်ပြနေတော့တာပဲ။“စုလေးညောင်းပြီလား”
“ဟုတ်…ညောင်းလည်းညောင်းနေပြီ။ဆာလည်းဆာနေပြီကိုကြီး"
“ဒါဆိုမနက်စာသွားစားကြမယ်။စုလေးဘာစား
ချင်လဲ"“ဘာဖြစ်ဖြစ်ရတယ်"
ယုံပါတယ်။အစားအသောက်နဲ့ပတ်သတ်ရင်စု
လေးမကြိုက်တာရှားသည်။နှစ်ယောက်သားစားသောက်ဆိုင်ရှာပြီးမနက်စာစားကြသည်။မ
နက်လေးနာရီကနေအိမ်ကစထွက်လာကြတာ။အခုမနက်ရှစ်နာရီခွဲသွားပြီ။အချိန်တွေကအကုန်မြန်လွန်းသည်။ကိုးနာရီတွင်ကုမ္ပဏီအစည်းအဝေးရှိသည်။စုလေးနဲ့မနက်စာစားပြီးကုမ္ပဏီကိုတန်းလာခဲ့လိုက်သည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့