ထနောင်းတို့အဖွဲ့သားတွေလောကသရဖူဘုရားသို့ရောက်လာပြီးဘုရားရှေ့တွင်ကားတွေရပ်လိုက်သည်။ထိုဘုရားဝင်းကြီးအတွင်း၌ဘုရားရင်ပြင်အကျယ်ကြီးနှင့်အရိပ်ကောင်းလှသောညောင်
ပင်ကြီးတစ်ပင်ရှိသည်။ထို့ကြောင့်ထနောင်းကဘုရားရင်ပြင်ပေါ်မှညောင်ပင်ကြီးအောက်တွင်ထမင်းစားရန်ဆုံးဖြတ်လိုက်သည်။ကားခေါင်မိုးပေါ်တင်လာသည့်ထမင်း
တောင်းဟင်းတောင်းကြီးတွေကိုအောက်ချကြသည်။ထိုအထဲတွင်ပုံစံတူစတီးဇလုံအရွယ်ခပ်
ကြီးကြီးလေးတွေအလုံးသုံးဆယ်လောက်ပါလာသည်။ကြီးထွေးနှင့်အမျိုးသမီးအချို့ကထမင်းတောင်း
ကြီးကိုအုပ်ထားသည့်ဖက်ရွက်တွေဖယ်ပြီးစတီးဇလုံတွေနဲ့ထမင်းတွေခူးထည့်ပေးကြသည်။ဘု
ရားရင်ပြင်ပေါ်တွင်မိုးကာကြီးဖြန့်ခင်းပြီးပါခဲ့သမျှဟင်းချိုင့်တွေအကြော်အလှော်ဘူးတွေကိုစုပုံချသည်။အဖွဲ့သားတွေကထမင်းဇလုံတွေချပြီးဝိုင်းဖွဲ့ကာစားကြသည်။ထနောင်းကစတီးဇလုံတစ်လုံးထဲထမင်းတွေ၊
ဟင်းတွေ၊အကြော်အလှော်တွေခပ်ထည့်ပြီးဇမ္ဗူ နဲ့အာကာ့ဆီယူလာသည်။လူသုံးယောက်ကိုဇွန်းကနှစ်ချောင်း။အင်း…ခက်တော့ခက်နေပြီ။မြင်းတစ်ကောင်၊လူတစ်ယောက်၊ဓားတစ်လက်
(သိုင်းဝတ္ထုထဲမှာ)။တကယ့်အပြင်လောကမှာတော့လူသုံးယောက်၊ဇွန်းနှစ်ချောင်း၊ထမင်းဇလုံတစ်လုံး…ဒီလဒနဲ့တော့ဇွန်းလုရင်းစီးချင်းထိုးရဦးမယ်။ဒါပေမဲ့…ကိုထနောင်းနဲ့ဇွန်းတစ်ချောင်းတည်း
အတူစားနိုင်ပေမဲ့ဒီလဒနဲ့တော့အတူမစားနိုင်ပါဘူး။သူ့အတွေးကိုထနောင်းကသိပုံရသည်။“ကျွေးတဲ့အချိန်စားထား။ဘယ်စားသောက်ဆိုင်
မှကားရပ်မပေးဘူး”ထနောင်းရဲ့အမိန့်သံအဆုံးမှာလဒနဲ့ဗျိုင်းဇွန်းတစ်ချောင်းစီကိုပြိုင်တူကောက်ကိုင်လိုက်ကြသည်။
ကိုထနောင်းလုပ်ပုံကြောင့်မတည့်အတူနေနှစ်ယောက်ထမင်းဇလုံတစ်လုံးတည်းနဲ့ထမင်းအတူစားနေရသည်။သူ့ခေတ်နဲ့သူ့အခါစတီးဇလုံတွေပေါ်လာလို့သာပဲ။မဟုတ်ရင်ဝန်ကြီးပဒေသရာဇာရဲ့တျာချင်းထဲကထန်းသမားမိသားစုလို“နှီးဒေါင်းလန်းကြီးခင်းပြီးသောအခါသမီးနှင့်သားများလို့မဝင်သာ”
ဆိုတာလိုဖြစ်နေဦးမယ်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့