နောက်တစ်နေ့ညနေခင်းနေအေးချိန်တွင်ထနောင်းကရေချိုးပြီးအဝတ်အစားလဲနေသည်။အိမ်
နေရင်းဝတ်နေကျအဝတ်အစားမဟုတ်ဘဲပုဆိုးအင်္ကျီသန့်သန့်ပြန့်ပြန့်သစ်သစ်လွင်လွင်ဝတ်နေတာကိုမြင်တော့ဇမ္ဗူ က-“အသက်ဘယ်သွားမလို့လဲ"
“ရွာထဲပါကွာ”
“ရွာထဲသွားမှာကိုအဝတ်အစားအသစ်တွေနဲ့ဘာကိစ္စရှိလို့လဲ"
“ရှင်လောင်းတောင်းသွားရမှာကွာ။အောင်စုအ
ဖေနဲ့သွားမှာ။မင်းနေရာတကာလိုက်ချင်မနေနဲ့"“လိုက်မှာ"
ဇမ္ဗူ ဘာမှမပြောရသေးခင်ထနောင်းကမလိုက်နဲ့
လို့ပိတ်ပြောလိုက်တော့ဇမ္ဗူ ကလည်းစကားနား
ထောင်သည်။ချက်ချင်းပဲသူဝတ်ထားတဲ့အဝတ်
အစားတွေအကုန်ချွတ်ချလိုက်သည်။ပြီးတော့ထ
နောင်းဝတ်သလိုမျိုးပုဆိုးနဲ့အင်္ကျီအဖြူ လက်ရှည်
တစ်ထည်ကောက်ဝတ်သည်။ထနောင်းသူ့ကိုခါးထောက်ပြီးရပ်ကြည့်နေမိသည်။ဒီမြို့သားကောင်သူဘာလုပ်လုပ်အကုန်စိတ်
ဝင်စားသည်။စပ်စုလွန်းတဲ့မြို့သား…ပြီးကျရင်ကတ်တီးကတ်ဖဲ့တွေမေးပါတော့မယ်။တွေးလို့မှမဆုံးသေးဘူးမေးပြီလေ။“ရှင်လောင်းတောင်းတယ်ဆိုတာတစ်ခါမှမကြားဖူးဘူး။အဲဒါဘာလုပ်တာကိုခေါ်တာလဲ"
“ဘိုးဘိုးဒေါနအလှူအတွက်မောင်ရင်လောင်း
တွေစာရင်းလုပ်ထားတာမင်းသိပြီးပြီမို့လား"“အင်း"
“အဲဒါကအလှူ့ရှင်ကထည့်မယ်လို့ရည်ရွယ်တာ။တကယ်ထည့်ဖြစ်ဖို့ကမောင်ရင်လောင်းမိဘတွေရဲ့ခွင့်ပြုချက်လိုတယ်။မောင်ရင်လောင်းကရပ်
ဝေးကဆိုရင်ဖုန်းနဲ့ဆက်ပြီးတောင်းကြတာ။ရွာထဲမှာဆိုရင်တော့တစ်အိမ်တက်ဆင်းမောင်ရင်
လောင်းမိဘတွေဆီလိုက်တောင်းရမှာ”ထူးဆန်းလိုက်တာ။ဒါကအညာဒေသရဲ့ဓလေ့ထုံးစံလား…သပြေတန်းရွာရဲ့ဓလေ့ထုံးစံလား…ဇမ္ဗူ မစပ်စုဘဲမနေနိုင်ပါဘူး။
“ဘာဖြစ်လို့တောင်းရတာလဲ။အဲဒီလိုမတောင်း
ရင်ဘာဖြစ်တတ်လို့လဲ"“ဘာမှတော့မဖြစ်ပါဘူး။ဒါပေမဲ့ဒါကယဉ်ကျေး
မှုအစဉ်အလာလေကွာ။ကိုယ့်ကလေးကိုရှင်ပြုတာတောင်းစရာမလိုပေမဲ့သူများကလေးရှင်ပြုပေးရင်တော့မိဘဆီကခွင့်ပြုချက်တောင်းရတယ်။အဲဒါဘယ်ခေတ်ကစခဲ့တာလဲသိလား”
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့