အခန်း(၉)

12K 870 14
                                    

ထနောင်းကဇမ္ဗူ့ ကိုဘိုးဘိုးဒေါနရှေ့ဆွဲခေါ်လာသည်။ဇမ္ဗူ့ မှာတော့မျက်နှာငယ်လေးနဲ့တစ်ဆွေလုံးတစ်မျိုးလုံးရဲ့မျက်လုံးအကြည့်ဒဏ်ကိုခံနေရသည်။

စီးပွားရေးလောကမှာဘုရင်တစ်ဆူဖြစ်တဲ့သူ
ဌေးကြီးဦးထက်ရှားရဲ့သားတစ်ယောက်အနေနဲ့လူကုံထန်အသိုင်းအဝိုင်းကြားမှာမျက်နှာပွင့်ခဲ့တဲ့ဇမ္ဗူ ကထနောင်းအမျိုးတွေရှေ့ကျမှမနေတတ်
မထိုင်တတ်တွေဖြစ်နေရသည်။သူတို့ကကြည့်လေမရိုးမရွဖြစ်လေ။လူတစ်ကိုယ်လုံးလည်းဟိုနားကယားတာလိုလိုဒီနားကယားတာလိုလိုနဲ့
နေမထိထိုင်မသာဖြစ်နေသည်။

ကုလားထိုင်ကြီးပေါ်မှာမိန့်မိန့်ကြီးထိုင်နေတဲ့ဘိုးဘိုးဒေါနကတုတ်ကောက်ကြီးကိုခြေထောက်နှစ်ချောင်းကြားမှာထောက်ပြီးလက်နှစ်ဖက်ကိုတုတ်ကောက်ပေါ်တွင်ထပ်ကာတင်လျက်ဇမ္ဗူ့ ကို
စိုက်ကြည့်နေသည်။ထို့နောက်တရားသူကြီးပေါင်ချိန်လိုမျိုးအမှုစီရင်ခံရမဲ့အပြစ်သားကိုမေးခွန်းတွေမေးလေသည်။

“မင်းဘာလို့ငါ့မြေးကိုတာဝန်မယူဘဲထားခဲ့တာလဲ"

“အဲဒီတုန်းကကျွန်တော် accident ဖြစ်ပြီးသတိမေ့နေခဲ့တာပါ"

“ဟုတ်လား"

“ဟုတ်ပါတယ်ဘိုးဘိုး။အမေကကျွန်တော်တို့နှစ်ယောက်ကိုသဘောမတူပါဘူး။ကျွန်တော်ဆေးရုံမှာသတိလစ်နေတဲ့အချိန်ကျွန်တော့်ကိုပြန်ခေါ်သွားခဲ့တာပါ။ကျွန်တော်လည်းခြေထောက်ကျိုးနေလို့အိမ်ထဲကအိမ်ပြင်မထွက်နိုင်ခဲ့ဘူး။အခုတော့ကျွန်တော်လည်းနေကောင်းသွားပြီ။သဘောမတူခဲ့တဲ့အမေကလည်းဆုံးသွားခဲ့ပါပြီ။ကျွန်တော်ကံ့ကော်ကိုတွေ့ချင်လို့လိုက်ရှာခဲ့တာပါ။သူသေပြီဆိုတာကိုလည်းကျွန်တော်ဒီရောက်မှသိရတာပါ”

“အေးကွာ…မင်းအခုလိုပြန်လာရှာတာနဲ့တင်ကျေးဇူးတင်လှပါပြီ။မဟုတ်ရင်ငါ့မြေးလေးကသေ
ပြီးသွားတာတောင်နာမည်ပျက်အရှက်ရနေတာ"

ဘိုးဘိုးဒေါနစကားကြောင့်ဇမ္ဗူ့ ရင်ထဲနင့်သွားရသည်။သူမသိခဲ့လို့ပါ။သူအခုပြောပြခဲ့တာတွေကသူ့အကိုအကြောင်းတွေ။သူ့အကိုအိပ်ယာထဲလဲနေတဲ့အချိန်ကံ့ကော်မှာကိုယ်ဝန်ရှိမှန်းသူသိ
နေခဲ့ရင်သူပစ်မထားခဲ့ပါဘူး။ရအောင်ရှာပြီးကူညီပေးခဲ့မိမှာပါ။အခုတော့…

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Donde viven las historias. Descúbrelo ahora