အခန်း(၁၁)

10.8K 789 1
                                    

အောင်သီဟကဇမ္ဗူ့ ကိုရွာအထိလာကြိုသည်။
ဇမ္ဗူ ကားပေါ်မှာတိတ်တိတ်ဆိတ်ဆိတ်နဲ့လိုက်
ပါလာခဲ့သည်။

အစတုန်းကတော့ကလေးကိုအပါခေါ်မယ်ဆို
ပြီးတော့လာခဲ့တာ။အခုတော့ချစ်စရာကောင်း
တဲ့တူလေးရယ်၊ကလေးကိုဂရုစိုက်လွန်းတဲ့ဆွေမျိုးတွေရယ်၊လေးစားစရာကောင်းတဲ့ဘိုးဘိုးဒေါ
နရယ်၊မြေးအဖွားနှစ်ယောက်ကိုလုပ်ကျွေးနေတဲ့ကိုထနောင်းရယ်။သူတို့ရဲ့ဘဝလေးတွေကိုမြင်
ရတော့သူတို့မိသားစုရဲ့ချစ်ခြင်းကိုမခွဲရက်တော့ဘူး။

ရှင်းရှင်းပြောရရင်ကိုယ့်ဘက်ကကလေးကိုတောင်းဆိုခွင့်တောင်မရှိပါဘူး။ကိုယ့်မိသားစုကအပျိုစင်မိန်းကလေးတစ်ယောက်ရဲ့ဘဝကိုတာ
ဝန်မယူဘဲပစ်ထားခဲ့တဲ့မိသားစု။ကလေးမီးဖွား
ချိန်ကနေအခုအသက်အရွယ်ထိတာဝန်မဲ့ခဲ့တဲ့မိသားစု။အခုမှကလေးကိုသွားတောင်းရင်မျက်
နှာပြောင်ရာကျလွန်းသည်။

ကလေးကိုမတောင်းဘဲကိုယ့်လက်ထဲရောက်
လာအောင်လုပ်ဖို့နည်းလမ်းကတော့တစ်ခုပဲရှိသည်။

“ကျုပ်ခင်ဗျားကိုရအောင်ယူမယ်ကိုထနောင်း။
စောင့်နေကျုပ်ခင်ဗျားဆီနောက်တစ်ခေါက်ပြန်
လာခဲ့မယ်…ဟင်း"

ဇမ္ဗူ သက်ပြင်းချရင်းထိုင်ခုံပေါ်မှာလျော့တိလျော့ရဲထိုင်နေရာမှ-

“အောင်သီဟ"

“ဗျာ"

“ငါ့အကိုကိုမရီးသေသွားတဲ့အကြောင်းပြောမိ
သေးလား"

“မပြောရသေးဘူး"

“အေးအဲဒါဆိုမပြောနဲ့။ကလေးအကြောင်းလည်းမပြောနဲ့။ငါအဆင်သင့်ဖြစ်တဲ့အခါမှငါ့ဟာ
ငါဖွင့်ပြောလိုက်မယ်”

“ဟုတ်ကဲ့ဘော့စ်"

“ငါမကြာခဏမန္တလေးကိုလာရတော့မယ်။ငါခဏခဏမန္တလေးဆင်းတာသိရင်အကိုကမေးလာလိမ့်မယ်။ဟိုတယ်ဇုံကိုကြီးကြပ်ဖို့သွားတာလို့ပြောလိုက်"

“ဟုတ်ကဲ့ဘော့စ်"

“မင်းလူတွေပါပြောထား"

“ဟုတ်ကဲ့ဘော့စ်"

ဇမ္ဗူ အရင်ဆုံးအကို့ရဲ့အရင်းနှီးလူတွေကိုနှုတ်ပိတ်ထားလိုက်သည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Tempat cerita menjadi hidup. Temukan sekarang