အောင်သီဟပြင်ဦးလွင်ကနေမန္တလေးကိုချက်ချင်းပြန်ဆင်းလာခဲ့သည်။ပြိုင်စံရှားဆေးရုံရောက်တော့ည(၉)နာရီထိုးနေပြီ။အောင်စုကညတွင်းချင်းခွဲခန်းဝင်ရမှာမို့ခွဲခန်းကခေါ်မည့်အချိန်ကိုစောင့်ဆိုင်းနေကြသည်။ရွာကနေအောင်စုမိဘတွေနဲ့
ကိုထနောင်းတို့ပါလာသည်။အောင်စုကတော့ခြေထောက်မှာလည်းပတ်တီးအဖွေးသား၊ခေါင်းမှာလည်းပတ်တီးအဖွေးသားနဲ့လူနာခုတင်ပေါ်မှာပက်လက်။အောင်သီဟသူ့
အနားရောက်လာတော့အောင်စုကအောင်သီဟကိုဇဝေဇဝါနဲ့ကြည့်နေသည်။တော်တော်နဲ့စကားမပြောဘဲသူ့ကိုကြောင်ကြောင်ကြီးကြည့်
နေတော့စိတ်ထဲမှာတစ်မျိုးကြီးဖြစ်သွားရသည်။ဘာလဲဟ…ခေါင်းကိုထိပြီးမမှတ်မိတော့တာလား။သူ့အတွေးမဆုံးခင်အောင်စုဆီကအသံ
ထွက်လာသည်။“ကိုကြီးဘာလာလုပ်တာတုန်း"
“ဘာ"
“ဒီကိုဘာလာလုပ်တာတုန်း"
“မင်းစေ့စပ်လိုက်ပြီဆိုတာနဲ့ပဲမင်းဆီငါမလာ
ရတော့ဘူးလား"အောင်စုအသံတိတ်သွားသည်။အောင်စုအဖေဦးအောင်မြင့်သူတို့နားရောက်လာသည်။အောင်
စုအမေကဒေါ်စုစုလင်း။ဦးအောင်မြင့်နဲ့ဒေါ်စုစုလင်းသားမို့သူ့နာမည်ကအောင်စု။ရှိသေးတယ်…သူ့အမျိုးတွေထဲမှာ။ဦးဘထူးနဲ့ဒေါ်အေးအေးအောင်တို့သားကထူးအောင်တဲ့။
ဦးထွန်းမိုးနဲ့ဒေါ်လှကြည်သားကမိုးကြည်။ရွာကလူတွေသားသမီးကိုနာမည်ပေးတာများတော်တော်စဉ်းစားယူရသည်။အောင်စုအဖေကသူ့သားခုတင်ဘေးဝင်ထိုင်
ရင်းမေးလိုက်သည်။“သားလေးဘယ်လိုနေသေးလဲ။နာနေသေးလား”
“အဖေ”
“အေး…ပြောသား"
အောင်စုရဲ့အဖေဆိုတဲ့ခေါ်သံလေးကယဲ့ယဲ့လေး။အောင်သီဟလည်းစိုးရိမ်ပူပန်စွာနဲ့ငုံ့ကြည့်
နေမိသည်။အောင်စုကသူ့အဖေမျက်နှာကိုစူးစူးစိုက်စိုက်ကြည့်ပြီးစကားကိုတစ်လုံးချင်းပြောသည်။“သားဆိုင်ကယ်လေးဘာဖြစ်သွားပြီတုန်း"
လခွမ်းပဲ။လူကဖြင့်ကျိုးပဲ့ပြီးဆေးရုံရောက်နေတာ။ဝပ်ရှော့ကဆိုင်ကယ်ကိုစိတ်ပူနေသေး
တယ်။သေရင်ဥစ္စာစောင့်ဖြစ်မဲ့ကလေး။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့