ထနောင်းဇမ္ဗူ့ ကိုစိတ်ဆိုးနေတာမို့တစ်လမ်းလုံးစကားမပြောဘဲကားပေါ်ပါလာသည်။ဇမ္ဗူ ကလည်းထနောင်းစိတ်ဆိုးနေမှန်းသိလို့စကားတစ်ခွန်းမှမပြောပေ။လူတစ်ယောက်လုံးပါအောင်ခေါ်
နိုင်ခဲ့လို့သူ့ကိုယ်သူကျေနပ်နေသည်။မန္တလေးကိုရောက်တော့ shopping mall တစ်ခုထဲဝင်ပြီးဈေးဝယ်သည်။ခတ္တာလေးအတွက်
အဝတ်အစားတွေ၊အရုပ်တွေ၊မုန့်တွေမြင်မြင်သမျှလျှောက်ဝယ်နေတော့သူ့သားအတွက်သူဝယ်
ပေးတာပဲဟုတွေးကာထနောင်းနှုတ်ဆိတ်နေမိသည်။ဒါပေမဲ့ကလေးအတွက်ဝယ်ပြီးသွားတော့ဇမ္ဗူ ကထနောင်းဘက်ကိုမြားဦးလှည့်လာသည်။ထနောင်းကမလိုချင်ပါဘူးပြောနေတာတောင်
ထနောင်းကိုယ်ပေါ်မှာအဝတ်အစားတွေကပ်ကြည့်ပြီးဟိုဟာနဲ့လိုက်တယ်။ဒီဟာနဲ့လိုက်တယ်နဲ့
ဇွတ်ဝယ်နေတော့ထနောင်းကမျက်နှာကိုမဲ့ပြီး-“မင်းဝယ်ပေးလည်းငွေကုန်တာပဲအဖတ်တင်မယ်။ငါဝတ်မှာမဟုတ်ဘူး"
“အသက်မဝတ်လို့မရပါဘူး။ဝတ်ရမှာ”
“မဝတ်ဘူး”
“အဲဒါဆိုအသက်ကကိုယ်တုံးလုံးနေမှာလား”
“ဘာကွ"
“အသက်ကအဝတ်တစ်ထည်ကိုယ်တစ်ခုနဲ့လိုက်လာတာလေ"
“ခရီးထွက်တာမှမဟုတ်ဘဲနဲ့ငါကအဝတ်ထုတ်သယ်နေရဦးမှာလား"
“အဲဒါဆိုအသက်ကအိမ်ရောက်ရင်ရေမချိုးတော့ဘူးလား”
“အိမ်…ဘယ်အိမ်တုန်း”
“ကိုယ့်အိမ်လေ”
“မလိုက်ဘူး။ပြန်မှာ”
“အခုတောင်ငါးနာရီခွဲနေပြီအသက်ရဲ့။ညအိပ်မှရတော့မှာ။သား…လာဖေဖေ့ဆီ”
ခတ္တာလေးကအဝတ်လဲတဲ့အခန်းထဲကနေထွက်လာသည်။အောင်သီဟကခတ္တာလေးကိုတစ်လျှောက်လုံးချီလာပေးခဲ့သလိုအဝတ်လဲခန်းထဲလည်းသူကိုယ်တိုင်ဝင်ပြီးအဝတ်အစားသစ်တွေလဲဝတ်ပေးနေသည်။ကလေးရဲ့ဝေယျာဝစ္စကိုအောင်သီဟကလုပ်ပေးနေတော့ဇမ္ဗူ ကထနောင်းကိုပဲတွယ်ကပ်နေသည်။
“သား…ဗိုက်ဆာပြီလား”
“ဟုတ်”
“အဲဒါဆိုညစာသွားစားကြမယ်"
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့