ဆိုင်ရှင်ကသူ့အမဆီဖုန်းဆက်ပြီးထနောင်းတို့ကိုအကျိုးအကြောင်းရှင်းပြသည်။
“ကျွန်တော့်ဆိုင်မှာဉာဏ်တော်အမြင့်ခြောက်လက်မအရွယ်ရုပ်ပွားတော်က(၁၂)ဆူပဲရှိတယ်။အ
မဆိုင်မှာက(၆)ဆူရှိတယ်တဲ့။(၁၈)ဆူပဲရနိုင်မယ်ဗျ။တကယ်လို့နောက်ထပ်ရှာကြည့်ချင်သေးတယ်ဆိုရင်ဘုရားကြီးမြောက်ဘက်စောင်းတန်းမှာကျွန်တော့်အသိဆိုင်ရှိတယ်။မေးကြည့်ပေးရမလား”“ဟုတ်ကဲ့မေးကြည့်ပေးပါခင်ဗျ”
ဆိုင်ရှင်ကမြောက်ဘက်စောင်းတန်းကဆိုင်ကို
မေးကြည့်ပြီး-“ရှိတယ်တဲ့။ကျွန်တော့်အမဆိုင်ကိုကျွန်တော်
သွားယူပေးမယ်။မြောက်ဘက်စောင်းတန်းကဆိုင်ကိုတော့ခင်ဗျားတို့ကိုယ့်ဟာကိုယ်ပဲသွား
ဝယ်လိုက်ကြပါ”“ဟုတ်ကဲ့ရပါတယ်။စုံစမ်းပေးလို့ကျေးဇူးတင်ပါတယ်”
ဆိုင်ရှင်ကရုပ်ပွားတော်တစ်ခုချင်းစီကိုသတင်းစာစက္ကူ နဲ့ပတ်ပြီးအိတ်နဲ့သေချာထည့်ပေးသည်။
ပြီးနောက်ထနောင်းတို့လေးယောက်ကိုဆိုင်
မှာစောင့်ခိုင်းခဲ့ပြီးသူ့အမဆိုင်ကိုသွားယူပေး
သည်။ထနောင်းတို့ငွေချေပြီးအရှေ့ဘက်စောင်းတန်းမှဘုရားကြီးဆီသို့ပြန်လျှောက်လာခဲ့ကြသည်။ဘုရားကြီးဆီရောက်တော့မှမြောက်ဘက်စောင်းတန်းကိုဆက်သွားရသည်။လမ်းညွှန်လိုက်တဲ့ဆိုင်ကိုရောက်တော့လိုနေတဲ့ဆင်းတုတော်ဆယ်
ဆူကိုဝယ်သည်။နှစ်ကျိပ်ရှစ်ဆူဘုရားတွေပြည့်သွားတော့သတ္တဌာနရုပ်ပွားတော်(၇)ဆူဝယ်ဖို့ရှည်လျားလှတဲ့အနောက်ဘက်စောင်းတန်းကိုအဆုံးထိလျှောက်ရပြန်သည်။စောင်းတန်းဆုံးတော့အနောက်
ဘက်မုခ်ပေါက်ကနေကားလမ်းမကြီးကိုဖြတ်
ကူးရသည်။စကျင်ကျောက်တွေကိုရုပ်ပွားတော်
များထုဆစ်နေသည့်ကျောက်ဆစ်လမ်းကြားထဲ
ရောက်သွားသည်။လေးယောက်သားဟိုကြည့်ဒီကြည့်နဲ့ကြေးကုန်ဆိုင်ကညွှန်းလိုက်သည့်ဆိုင်ကိုလိုက်ရှာကြ
သည်။ဆိုင်ကိုရှာတွေ့သွားတော့သတ္တဌာနရုပ်ပွားတော်တွေကိုအလွယ်တကူပဲဝယ်လို့ရသည်။ခြေ
ထောက်ညောင်းအောင်လမ်းလျှောက်ခဲ့ရပေမဲ့လိုချင်တာကိုအဆင်သင့်ရလိုက်လို့ထနောင်းစိတ်အေးသွားသည်။သို့သော်ခေါင်းထဲမှာဖျတ်
ခနဲ့သတိရလိုက်မိတာက-
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့