မနက်ငါးနာရီမို့ဝေလီဝေလင်းပေမဲ့ရွာကလူတွေကတော့အလုပ်လုပ်ဖို့ရာစိုင်းပြင်းနေကြပါပြီ။ထ
နောင်းအိမ်ဝိုင်းထဲမှာလည်းလူတွေတဖွဲဖွဲနဲ့ရောက်လာကုန်ပြီ။ခမောက်ကိုယ်စီဆောင်းထားတဲ့
ကောက်စိုက်မတွေနဲ့ပျိုးနှုတ်သားတွေ။တချို့ကလက်ထဲမှာတံဇဉ်တွေကိုင်ထားသည်။အခုရာသီကမိုးကြိုစပါးရိတ်သိမ်းပြီးဆောင်းအ
ဝင်ကောက်ကြီးစပါးစိုက်တာဆိုတော့အစိုက်နဲ့
အရိတ်ထပ်တူကျနေတဲ့ရာသီ။ဇမ္ဗူ ကအိမ်ရှေ့ထွက်လာပြီးအိမ်ရှေ့ကလူအုပ်
ကြီးကိုအထူးအဆန်းလိုမျိုးကြည့်နေမိသည်။ထ
နောင်းကမိန်းကလေးတွေကိုစာရင်းစာအုပ်တစ်အုပ်ကိုင်ကာဘယ်သူ့လယ်ကကောက်စိုက်မှာဘယ်သူ့လယ်ကကောက်ရိတ်မှာနဲ့လူခွဲပေးနေသည်။ယောက်ျားလေးတွေကိုလည်းပျိုးနှုတ်နဲ့ကောက်ရိတ်ကိုအဖွဲ့ခွဲပြီးလွှတ်ပေးနေသည်။ပြီး
တော့ကောက်စိုက်မတွေဘက်လှည့်ပြီး-“ပျိုးဖြန့်မဲ့လူကိုလယ်ရှင်ကထည့်ပေးမှာလား။ကိုယ့်ဟာကိုယ်ဖြန့်ရမှာလားမေးကြအုံး။ကိုယ့်ဟာကိုယ်ဖြန့်ရမှာဆိုပျိုးဖြန့်ခပါထည့်တွက်ရမှာ။အပြန်ဝင်ပြီးစာရင်းပေးကြဦး"
လယ်လုပ်သားတွေကမိုးမလင်းခင်မှာပင်တစ်ဖွဲ့
ပြီးတစ်ဖွဲ့ထွက်သွားကြသည်။ဇမ္ဗူ သူတို့ကိုကြည့်ပြီးတွေးမိသည်။သူရွာကိုလာခဲ့တဲ့လမ်းတစ်လျှောက်မှာလယ်ကွင်းတွေကတစ်ကွင်းနဲ့တစ်ကွင်းဆက်နေသည်။ဒီလူအုပ်ကြီးကဘယ်သူ့လယ်
ကိုသွားဆိုတာနဲ့ချက်ချင်းထွက်သွားကြသည်။လယ်ကဘယ်နားမှာလဲမေးသံမကြားရ။အရှေ့
တော၊အနောက်တောဆိုပြီးအရပ်မျက်နှာခွဲပြရုံနဲ့လယ်ရှင်နာမည်ပြောလိုက်ရုံနဲ့ဘယ်သူ့လယ်
ကဘယ်နားမှာရှိတယ်ဆိုတာသိနေကြတာလား။အံ့သြပါရဲ့ရွာသူရွာသားတို့ရယ်။ဒါကြောင့်မို့လည်းကိုယ့်ရွာအကြောင်းတော့အပ်ကျတာကအ
စသိတယ်လို့ပြောကြတာနေမှာ။ဇမ္ဗူ ကထနောင်းကိုကြည့်ပြီး-
“ခင်ဗျားကအလုပ်သမားခေါင်းလား"
“စစ်သကြီးပါ"
“စစ်သကြီးကဘာကိုပြောတာလဲ"
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့