ဇမ္ဗူ တို့သားအဖနှစ်ယောက်တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ပြီးမျက်လုံးနဲ့စကားပြောနေ
ကြသည်။ဘယ်လိုလုပ်ကြမလဲဆိုပြီး။ဇမ္ဗူ က-“ဘိုးဘိုး"
“အေးပြော"
“ဘိုးဘိုးကဘာသာရေးလိုက်စားတဲ့သူဆိုတော့
ဇောတိကသူဌေးကြီးအကြောင်းကိုကြားဖူးမှာပါနော်"“ကြားဖူးတာပေါ့ကွ"
“အဲဒီသူဌေးကြီးရဲ့ဇနီးကမြောက်ကျွန်းသူ
မဟုတ်လား"“ဟုတ်တယ်လေ"
“သူတို့နှစ်ယောက်ကတောင်ကျွန်းနဲ့မြောက်
ကျွန်းကိုဘယ်လိုလုပ်ပြီးရသွားကြတာလဲ။တစ်
ယောက်နဲ့တစ်ယောက်တွေ့ဖူးကြလို့လား"“ဘယ်တွေ့ဖူးမှာတုန်းကွာ…တောင်ကျွန်းနဲ့
မြောက်ကျွန်းတွေ့ဖို့လည်းမလွယ်ဘူး။ဒါပေမဲ့
ဇောတိကသူဌေးကဘုန်းနဲ့ကံနဲ့လူဖြစ်လာတာကွ။သူ့ရဲ့ဖူးစာရှင်ကတောင်ကျွန်းမှာမရှိဘဲမြောက်ကျွန်းမှာရှိနေလို့နတ်တွေကခေါ်ဆောင်ပေးရတာ။ဘုန်းရှင်ကံရှင်ဆိုတော့ရေကန်အသင့်ကြာအသင့်ပဲလေ"“အဲဒီလိုသဘောပဲလေဘိုးဘိုးရဲ့"
“ဘာ"
“ကြီးထွေးနဲ့ဖေဖေလည်းအရင်ကတစ်ခါမှမတွေ့ဖူးကြပါဘူး။ကြီးထွေးကအညာသူ၊ဖေဖေ
ကရန်ကုန်သား။ခတ္တာလေးကြောင့်မို့ကြံကြံဖန်
ဖန်ကြီးထွေးရှိတဲ့အရပ်ကိုဖေဖေရောက်လာခဲ့ရတာ။ပြီးတော့ဓာတ်ပုံလေးတစ်ပုံကြောင့်နဲ့တစ်
တိုင်းပြည်လုံးကလူတွေကကြီးထွေးကိုရှားလုပ်
ငန်းစုရဲ့ဥက္ကဌကြီးကတော်လို့ထင်ကြေးပေးခံရတယ်။ကာယကံရှင်ဖေဖေကလည်းကြီးထွေးကိုသဘောကျတယ်။ဒီတော့ဘိုးဘိုးပြောသလိုရေကန်အသင့်ကြာအသင့်ပဲလေ။ပုဂံခေတ်က ထီးလိုမင်းလို ဘုရင်လို
ပေါ့။ထီးဖြူ ကလည်းလိုလားတယ်။ပြည်သူတွေကလည်းလိုလားတယ်ဆိုတာလိုမျိုး။ဖေဖေကလည်းကြီးထွေးကိုလက်ထပ်ဖို့ဆန္ဒရှိနေသလို၊ဖေဖေ့ရဲ့စီးပွားရေးအသိုင်းအဝိုင်းကလည်းကြီးထွေးကိုသူဌေးကတော်တစ်ယောက်အ
ဖြစ်လိုလားနေကြတယ်။ဒါကိုဘိုးဘိုးဒေါနကပါ
ရမီဖြည့်ပေးတဲ့အနေနဲ့ခေါင်းလေးတစ်ချက်ညိမ့်
ပေးလိုက်ရုံပဲလေ"
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့