ညနေသုံးနာရီထိုးသည်နှင့်အလှူတန်းကြီးရွာက
နေစထွက်သည်။သာသနာ့အလံကိုင်ဆိုင်ကယ်
တွေကရှေ့တော်ပြေးအနေနဲ့ရှေ့ဆုံးကထွက်သည်။သူတို့နောက်တွင်အလှူတန်းကြီးကတရွေ့
ရွေ့နှင့်လိုက်ပါသွားသည်။ဗြောထမ်းသည့်အဖွဲ့ကဗြောကြီးကိုတဒိန်းဒိန်းနဲ့ထုသည်။အလှူမဏ္ဍပ်ထဲတွင်ချိတ်ဆွဲခဲ့သည့်မင်္ဂလာကြေးစည်ကြီးကိုကာလသားနှစ်ယောက်ကထမ်းပိုးနဲ့လျိုထမ်းပြီးကြေးစည်ထုသည်။အဲဒီနောက်ဘုရားပင့်သည်။
ဘုရားဆင်းတုတော်စံပယ်တော်မူရာဝေါယာဉ်
ကိုလူလေးယောက်ထမ်းသည်။ရှေ့ကပန်းကြဲ
မိန်းကလေးတွေ၊ဘေးကပေါက်ပေါက်ပက်မိန်းကလေးတွေခြံရံပြီးကျက်သရေမင်္ဂလာရှိလှစွာ
အလှူတန်းကြီးရွာကနေထွက်ခွာသွားသည်။လမ်းတွင်အလှူတန်းကြီးဘေးကထနောင်းဆိုင်
ကယ်ဖြတ်မောင်းသွားသည်။ဇမ္ဗူ ကြည့်လိုက်မိ
တော့ဆိုင်ကယ်နောက်ကပါသွားတာလဒအာကာကျော်ပဲ။ဇမ္ဗူ ထနောင်းဆီချက်ချင်းပဲဖုန်းလှမ်းဆက်သည်။“အသက်"
“ဘာလဲ"
“အသက်ဆိုင်ကယ်ပေါ်မှာဟိုကောင်ဘာလို့
ပါလာတာလဲ"“မြို့သားမင်းကြံဖန်ပြီးရစ်မနေနဲ့။ရှေ့တော်ပြေးဆိုင်ကယ်တွေအကုန်လုံးနှစ်ယောက်စီးကြတာ။ငါ့ဆိုင်ကယ်နောက်ကလူတစ်ယောက်ပါတာဘာဆန်းလို့တုန်း"
“တခြားလူဆိုမပြောလိုပါဘူး"
“ဘယ်သူဖြစ်ဖြစ်မပြောနဲ့ကွာ။ငါ့ခေါင်းထဲမှာအလှူကိစ္စအဆင်ပြေဖို့ကလွဲရင်တခြားဘာမှမရှိဘူး။တော်ပြီဖုန်းချလိုက်တော့"
ထနောင်းဖုန်းချသွားတော့ဇမ္ဗူ မခံချိမခံသာနဲ့။
*ခင်ဗျားတော့လား…ကျုပ်ကိုကျတော့ခင်ဗျားအမနဲ့ခြေကျင်လမ်းလျှောက်ခိုင်းတယ်။ခင်ဗျားကျတော့တခြားတစ်ယောက်ကိုဆိုင်ကယ်နဲ့ခေါ်သွားတယ်။တွေ့ဦးမယ်…အလှူလှည့်ပြန်လာရင်ခင်
ဗျားနဲ့ကျုပ်နဲ့တော့တွေ့ဦးမယ်*ရွာသုံးရွာခြေကျင်ပတ်ပြီးညနေငါးနာရီခွဲလောက်
တွင်အလှူတန်းကြီးရွာထဲပြန်ဝင်လာသည်။ရွာမှာကျန်ခဲ့တဲ့လူတွေကအလှူတန်းကြီးမဏ္ဍပ်ထဲမဝင်မချင်းလမ်းမပေါ်ထွက်ကြည့်ကြသည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့