နောက်တစ်နေ့မနက်ဘုန်းကြီးကျောင်းကခေါင်း
လောင်းထိုးသံကြားရတဲ့အချိန်မှာအောင်စုမိဘ
တွေအိပ်ယာထကြသည်။အိပ်မပျော်တဲ့အောင်
သီဟကတော့ပတ်ဝန်းကျင်ကလှုပ်ရှားသံတွေအကုန်ကြားနေရသည်။ညကလည်းညလယ်လောက်ကြီးမိုးတွေသဲသဲမဲမဲရွာချသည်။အိမ်ခေါင်မိုးသွပ်ပြန့်ပေါ်မိုးပေါက်
ကျသံတဗြောင်းဗြောင်းနဲ့ဆူညံနေတာအိပ်လို့
မရ။မိုးတိတ်တော့လည်းမနက်လေးနာရီခေါင်း
လောင်းထိုးတာနဲ့ရွာကလူတွေကတလှုပ်လှုပ်။အိုးခွက်သံ၊ဆွမ်းချက်သံတွေပေါ့ဗျာ။အိမ်အနောက်ဘက်ကနွားတဲထဲမှာအောင်စုအ
ဖေနွားကျွေးနေသည်။နွားလှုပ်နေသမျှခလောက်သံကလည်းဂလောင်ဂလောင်နဲ့မြည်နေသည်။နွားခိုးမဲ့သူသာရှိခဲ့ရင်နွားမခိုးခင်ခလောက်
အရင်ခိုးမှရလိမ့်မည်။ရွာကလူတွေကမနက်မိုးလင်းရင်လှည်းနွားတွေ
ကောက်ပြီးတောထဲလုပ်ငန်းလုပ်ထွက်ကြတာမို့မနက်လေးနာရီဆိုတာကဆွမ်းချက်ချိန်လည်းဟုတ်သလိုနွားကျွေးချိန်ဆိုလည်းမမှားပေ။ဟိုအိမ်ဒီအိမ်ပတ်ဝန်းကျင်အိမ်တွေဆီကနွားခလောက်သံကလောင်ကလောင်၊ဂလောင်ဂလောင်နဲ့ရွာမနက်ခင်းကမြို့နဲ့မတူတာတော့အမှန်ပင်။
ကြက်တွန်သံ၊ငှက်တွန်သံကအဆစ်ပါသေးသည်။ခေါင်မိုးတံစက်မြိတ်ကစာကလေးတွေရဲ့ကျလိကျလိအသံတွေကလည်းနားကိုတစ်မျိုးဒုက္ခ
ပေးသည်။ညကအောင်စုအဖေပြောသံကြားထားသည်။ဒီနေ့မနက်လယ်ထဲပေါင်းနှုတ်သွားမယ်တဲ့။စိုက်ပြီးရင်လည်းမနားရပါလား။ရေတင်တာတွေ၊မြေသြဇာကြဲတာတွေလုပ်ရဦးမည်။အတွေးတွေနဲ့ဝေ့လည်နေရင်းမှေးခနဲ့အိပ်ပျော်သွားသည့်အခိုက်-
“သားရေအောင်စု…ထတော့လေ။ငါးနာရီထိုး
နေပြီ"“ဟင်…”
အောင်စုအဖေကတံခါးဝကနေလာနှိုးနေသည်
။နှိုးတာကအောင်စု။နိုးတာကကျွန်တော်မောင်
သီဟ။ဒီညတစ်ညလုံးဘယ်လိုကိုဖြစ်နေမှန်းမသိဘူး။အိပ်ပျော်သွားတိုင်းအနှိုးခံနေရသည်။
“အောင်စု…အောင်စု”
သူလှုပ်ပြီးနှိုးတော့အောင်စုနိုးလာသည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့