ညဆယ်နာရီထိုးတော့ရွာကင်းတဲကသံချောင်း
ခေါက်သံထွက်လာသည်။သံချောင်းခေါက်သံ
ကြားပြီးမကြာခင်ထနောင်းရဲ့ဖုန်းကမြည်လာ
သည်။ထနောင်းဖုန်းကိုင်လိုက်တော့ဇမ္ဗူ ကထ
နောင်းနားကပ်ပြီးဝင်နားထောင်သည်။ထနောင်းကမျက်စောင်းထိုးကြည့်ရင်းစပီကာဖွင့်ပေးလိုက်
သည်။“နောင်းနောင်း"
“အေး…ငသက်လာမှာလား"
“ဘာရှိလဲ”
“ဆန်ပြုတ်ကျိုထားတယ်။သောက်ချင်ရင်ထည့်စရာယူလာခဲ့"
“ကြွက်ကင်ရှိတယ်စားမလား"
ထနောင်းကဇမ္ဗူ့ ကိုမျက်လုံးပင့်ကြည့်ရင်း-
“စားမလား…လယ်ကြွက်ကင်"
“စားမယ်"
“စားမယ်တဲ့ဟေ့ယူခဲ့"
“ဟုတ်"
ငသက်ဖုန်းချသွားတော့နောက်ထပ်ဖုန်းဝင်လာ
ပြန်သည်။ထနောင်းကဆန်ပြုတ်တိုက်မယ်၊ထိုး
မုန့်ကျွေးမယ်နဲ့ပြောတော့တစ်ဖက်က-“နောင်းနောင်းဒီလာခဲ့ပါလား…ကုလားပဲမီး
ဖုတ်ကျွေးမယ်”“မလာတော့ပါဘူးကွာ။မင်းတို့ပဲငါ့ဆီလာကြပါ။ကုလားပဲမီးဖုတ်တော့စားချင်သားကွ။ယူခဲ့ကြဦး”
“စိတ်ချ”
ဖုန်းနှစ်ခါဝင်ပြီးသွားတော့နောက်တစ်နေရာကိုထနောင်းကဖုန်းဆက်ခေါ်သည်။သူတို့ဆီကဓ
လေ့ကတစ်မျိုးပါလားဟုဇမ္ဗူ တွေးမိသည်။သိပ်မ
ကြာခင်မှာပဲဓာတ်မီးရောင်တွေတလက်လက်နဲ့
ထနောင်းတို့ဆီကိုလူနှစ်ယောက်ရောက်လာသည်။တစ်ယောက်ကငသက်၊တစ်ယောက်ကထွန်းခိုင်။ဓာတ်မီးကိုခေါင်းပတ်ကြိုးနဲ့ခေါင်းမှာပတ်ထား
ပြီးတောစီးလည်ရှည်ဖိနပ်တွေစီးထားသည်။ငသက်ဆိုသူက-“နောင်းနောင်းဒီမှာကြွက်ကင်ယူလာတယ်”
“အေးငါလည်းဆန်ပြုတ်တိုက်မယ်။ထည့်စရာပါလား"
“ပါတယ်"
ငသက်ကလက်ဆွဲကိုင်းပါတဲ့စတီးချိုင့်လေးပေး
တော့ထနောင်းကဆန်ပြုတ်တွေခပ်ထည့်ပေးသည်။ထိုးမုန့်တစ်ထုပ်ပါလက်ဆောင်ပေးတော့ငသက်က-
CZYTASZ
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့