အခန်း(၄၁)

7K 519 3
                                    

အောင်သီဟအိမ်အောက်ထပ်ဆင်းပြီဒေါ်လေး
ဲမြဆီကရေဖလားတစ်လုံးတောင်းလာခဲ့သည်။သူ့ပုဆိုးတစ်ထည်ကိုပါယူပြီးရေချိုးခန်းထဲဝင်
လာတော့အောင်စုကအဝတ်လျှော်နေသည်။ရေချိုးဆပ်ပြာရည်တွေအင်္ကျီပေါ်ညှစ်ချပြီးပြောလိုက်တာက-

“ကိုကြီးဒီဆပ်ပြာရည်ကမွှေးနေတာပဲ"

“အယ်…စုလေး"

“အဝတ်တိုက်တဲ့ brush ရောမရှိဘူးလားကို
ကြီး”

“တော်ပြီစုလေး…အဝတ်ပေတွေထားလိုက်တော့။အိမ်ကအလုပ်သမားတွေလျှော်လိမ့်မယ်။စုလေးလျှော်စရာမလိုဘူး"

“ဘာလို့လဲကိုကြီးရ။အဝတ်လျှော်ရတာမခက်ပါဘူး”

“ထားလိုက်စုလေး…သူတို့လာယူပြီးလျှော်လိမ့်
မယ်။စုလေးကရေပဲချိုး”

အောင်သီဟကစုလေးလက်ထဲကအင်္ကျီကိုဆွဲယူပြီးတန်းပေါ်တင်လိုက်သည်။

“ကိုကြီးရောရေချိုးမှာလား”

“ချိုးမှာပေါ့"

“အဲဒါဆိုကျွန်တော်အရင်ချိုးမယ်”

အောင်စုက bathtub ထဲကရေတွေကိုဖလားနဲ့ခပ်ချိုးနေသည်။အောင်သီဟလည်းဘာပြောလို့ပြောရမှန်းမသိတော့ဘဲအောင်စုလုပ်သမျှရပ်
ကြည့်နေရတော့သည်။အောင်စုရေချိုးပြီးသွားတော့သဘက်တစ်ထည်နဲ့ရေသုတ်ပေးသည်။

“ရတယ်ကိုကြီးကိုယ့်ဟာကိုယ်သုတ်မယ်”

အောင်စုရဲ့ရေချိုးပြီးစကိုယ်လုံးလေးကဝါဝင်းပြီးစိုလက်နေသည်။အောင်သီဟနေရင်းထိုင်ရင်းအာတွေခြောက်လာသည်။စားပွဲပေါ်မှာအဆင်
သင့်ရှိနေတဲ့ရေသန့်ဘူးကိုအဖုံးဖွင့်ပြီးမော့သောက်လိုက်သည်။

“ကိုကြီးကျွန်တော်လည်းရေဆာတယ်"

“ဟမ်"

ပြောပြောဆိုဆိုသူ့လက်ထဲကရေပုလင်းကိုအောင်စုကဆွဲယူပြီးမော့သောက်သည်။နှုတ်ခမ်းဖူးရဲရဲလေးတွေကိုအပေါ်အောက်စုပြီးရေဗူးနဲ့တေ့သောက်နေတဲ့ကလေး။

ငါကွာ…မင်းအရင်အင်္ကျီဝတ်ရင်ဝတ်။မဝတ်ရင်ငါအရင်ရေချိုးခန်းထဲဝင်ရတော့မယ်။

အောင်စုကရေသောက်လို့ဝသွားတော့ရေဗူး
လေးကိုဖယ်ပြီးသူ့ထုံးစံအတိုင်းရယ်ပြသည်။

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now