လယ်ကွင်းပြင်ကိုဖြတ်တိုက်လာသည့်လေကလေနုအေးလေးမဟုတ်။အကာအကွယ်မရှိသည့်ကွင်းပြင်ကိုဖြတ်တိုက်လာတာမို့လေတဟူးဟူးနဲ့လေတိုက်ကြမ်းသည်။ဆောင်းအဝင်မို့အအေးဓာတ်လည်းပါသည်။
အောင်စုကချမ်းလို့ထင်ပါရဲ့လက်ကလေးပိုက်
ပြီးကျုံ့ကျုံ့လေးဖြစ်နေသည်။အောင်သီဟကတော့အလုပ်ကအပြန်အင်္ကျီမလဲခဲ့ရတာမို့ကုမ္ပဏီသွားတဲ့ပုံစံအတိုင်း suit အပြည့်နဲ့ဖြစ်နေသည်။သူ့အပေါ်ဝတ်ကုတ်ကိုချွတ်ပြီးအောင်စုကိုယ်ပေါ်ခြုံပေးလိုက်သည်။ရုတ်တရတ်ကြီးနွေးထွေးသွားတာကြောင့်အောင်စုကသူ့ကိုမော့ကြည့်ပြီးရယ်ပြသည်။“ကျေးဇူးပဲကိုကြီး"
ကိုကြီးတဲ့လား…နောက်လည်းကိုကြီးလို့ခေါ်ပါ
အောင်စုရယ်။မင်းကိုငါတကယ်သဘောကျနေမိပြီ။ကုတ်အင်္ကျီချွတ်လိုက်တော့ရှပ်လက်ရှည်တစ်
ထည်ပဲကျန်တော့တဲ့အောင်သီဟလည်းချမ်းစိမ့်စိမ့်ဖြစ်လာသည်။ကားကတော့လှုပ်နေတုန်းပဲ။ဘယ်အထိခရီးဆက်နေကြတာတုန်း။ကမ္ဘာ့အ
ပြင်ဘက်ထိသွားကြမှာလား။ကားထဲကနောင်း
နောင်းနဲ့ဘော့စ်ကတော့ချွေးတလုံးလုံးနဲ့နေမှာပါ။လယ်ကွင်းပြင်ကြားထဲရောက်နေတဲ့သူတို့နှစ်
ယောက်ကတော့လေတဟူးဟူးနဲ့အအေးပက်
လို့သေတော့မယ်။စိတ်ရှည်ရှည်နဲ့ဆက်ပြီးစောင့်နေရင်းဘော့စ်ဆီကဖုန်းဝင်လာသည်။ကားဆီလာခဲ့တော့တဲ့။နာရီကြည့်လိုက်တော့ဆယ့်နှစ်နာရီခွဲ။လေးနာရီနီးပါးကြာအောင်မရပ်မနား…အင်း…ဒီလောက်နဲ့
ပြီးသွားလို့တော်သေးတာပေါ့။မိုးအလင်းသာဆိုသပြေတန်းလယ်ပြင်မှာသူတို့နှစ်ယောက်အ
လောင်းကိုလာကောက်ရလိမ့်မယ်။ချမ်းလိုက်
တာ။နှစ်ယောက်သားကားထဲဝင်ထိုင်လိုက်တော့ကားထဲမှာလောလောလတ်လတ်ချစ်တင်းနှောထားတဲ့အနံ့တွေလှိုင်ထနေသည်။အောင်စုကို
လှည့်ကြည့်လိုက်တော့ချက်ချင်းခေါင်းငုံ့ပြီးမျက်
နှာလွှဲသွားသည်။ယုန်ဖြူ လေးသဘောပေါက်
သွားပြီထင်ပါရဲ့။ကိုထနောင်းကတော့ဇမ္ဗူ့ ရင်ခွင်ထဲမှာပုံကျနေသည်။မြော့သွားတာလားမသိ။ဇမ္ဗူ က-
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့