ဇမ္ဗူ ကခတ္တာလေးကိုပွေ့ချီပြီးကားထဲထည့်လိုက်သည်။ပြီးတော့သူကိုယ်တိုင်ကားထဲမဝင်ခင်
ထနောင်းကိုနှုတ်ဆက်သည်။“သွားမယ်နော်အသက်။မနက်ဖြန်ကျပြန်လာခဲ့
မယ်"“အင်း"
ထနောင်းခတ္တာလေးကိုစိတ်ချလက်ချနဲ့ထည့်လွှတ်လိုက်သည်။ဇမ္ဗူ ကဒီရွာသားပဲလုပ်ပါတော့မယ်ဆိုတဲ့စကားကိုထနောင်းယုံကြည်နေမိသည်။ဇမ္ဗူ ကဒီရွာမှာနေရတာတစ်ခါမှစိတ်ပျက်ညည်းညူ ခဲ့ဖူးတာမရှိ။လယ်တောထဲကအလုပ်တွေကိုလည်းသူနိုင်သလောက်ဝိုင်းကူလုပ်ပေးသည်။
ပြီးတော့သူ့အကိုနဲ့တွေ့ပေးဖို့ထနောင်းကိုပါခေါ်သည်။ထနောင်းမလိုက်ဘဲငြင်းဆန်ခဲ့သည်။မြင့်မိုရ်ကို
တွေ့ဖို့ရာစိတ်ထဲမှာအဆင်သင့်မဖြစ်သလိုခံစားရသည်။ဇမ္ဗူ့ တုန်းကတော့ဗြုန်းစားကြီးအိမ်ရှေ့
ကိုရောက်လာတာမို့အံ့သြမိတာကလွဲပြီးဘာမှ
စိတ်ထဲမခံစားရ။အခုဟာကညီမဖြစ်သူရဲ့ယောက်ျားအစစ်ကြီး၊သူ့ယောက်ဖအစစ်ကြီးဆိုတော့
တွေ့ရမှာဝန်လေးနေမိသည်။ဇမ္ဗူ ကသူ့အကိုကိုမရီးအကြောင်းဖွင့်ပြောပြသည်။ဦးထက်ရှားကလည်းမြင့်မိုရ်နားလည်အောင်ကူညီပြီးရှင်းပြသည်။ခတ္တာလေးရဲ့ရှင်ပြုအလှူပွဲကဓာတ်ပုံတွေ၊ဗွီဒီယိုဖိုင်တွေကိုဖွင့်ပြသည်။မြင့်မိုရ်ကသူ့သားလေးရဲ့ပုံတွေကိုကြည့်ပြီးဝမ်းသာဝမ်းနဲ့ခံစားရပြီးငိုနေသည်။အခုတော့သူလည်းသားနဲ့တွေ့ဖို့မန္တလေးကိုရောက်လာခဲ့သည်။
ဇမ္ဗူ မန္တလေးကိုရောက်လို့အိမ်ရှေ့ကားရပ်လိုက်
တော့သူ့အကိုနဲ့အဖေကအိမ်ရှေ့ဆင်ဝင်အောက်တွင်စောင့်နေကြသည်။ဇမ္ဗူ ကခတ္တာလေးကို
ပွေ့ချီပြီးဝှီးချဲပေါ်ထိုင်နေတဲ့သူ့အကိုရဲ့ပေါင်ပေါ်ချပေးလိုက်သည်။မြင့်မိုရ်ကကလေးကိုဖက်ပြီး
မျက်နှာအနှံ့နမ်းရှုံ့ကာမျက်ရည်တွေအဆက်မပြတ်ကျနေသည်။“သားလေး…ဖေဖေ့သားလေး”
“ဖေဖေသားကိုအရမ်းတွေ့ချင်နေတာ"
“ဖေဖေ့ကိုခွင့်လွှတ်ပါကွာ…မင်းတောင်ဒီအ
ရွယ်ရောက်နေပြီမသိခဲ့ဘူး"မြင့်မိုရ်ကပြောလည်းပြော၊နမ်းလည်းနမ်း၊ဖက်
လည်းဖက်ထားသည်။ခတ္တာလေးကတော့မျက်
လုံးပြူးလေးနဲ့အဖိုးကိုကြည့်လိုက်၊ဦးလေးနဲ့အဖေကိုကြည့်လိုက်နဲ့ငိုမဲ့မဲ့လေးသာဖြစ်နေတော့သည်။သူ့အရွယ်နဲ့နားလည်အောင်ရှင်းပြထားပေမဲ့အဖေကလူပြောင်းသွားတော့သူ့ခမျာ့အူလည်လည်လေးဖြစ်နေရှာသည်။
YOU ARE READING
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့