ညနေစာမစားခင်နေဝင်ရီတရောတွင်အောင်စုနဲ့အောင်သီဟချောင်းထဲဆင်းပြီးရေချိုးကြသည်။
ဆောင်းအဝင်မို့အအေးဓာတ်ရှိနေပေမဲ့တစ်နေကုန်အလုပ်လုပ်ထားတော့ရေမချိုးလို့မဖြစ်။တစ်ကိုယ်လုံးကညစ်ပတ်နေသည်။ကောက်လှိုင်းတွေပုခုံးပေါ်တင်ပြီးထမ်းခဲ့တုန်းကလည်ပင်းတွေမှာပွန်းရှထားတဲ့နေရာတွေကဆပ်ပြာတိုက်တော့စပ်ဖျင်းဖျင်းဖြစ်နေသည်။
အောင်သီဟကသူကိုယ်တိုင်ခံစားနေရတော့
အောင်စုရဲ့ခန္ဓာကိုယ်ကိုဂရုတစိုက်နဲ့ကြည့်မိ
သည်။သူလည်းကိုယ်လိုပဲစပ်နေလောက်သည်။သူ့ခန္ဓာကိုယ်ကကိုယ့်ထက်ပိုပြီးနူးညံ့တာကိုသိ
နေတာမို့စုလေးနားကပ်ပြီးဆပ်ပြာတိုက်ပေးရင်းမေးမိသည်။“စုလေးပင်ပန်းလား”
“အဟီး…”
“ဘာလို့ရယ်တာလဲ။ပင်ပန်းလားလို့မေးနေတာရယ်စရာပါလို့လား”
“မပါပါဘူး။ဒါပေမဲ့တစ်သက်လုံးလုပ်ရမဲ့အလုပ်
ကြီးကိုပင်ပန်းလည်းပဲခဏပေါ့"“အဲဒီခဏကတော်တော်ကြီးပင်ပန်းလို့ပြောနေတာ”
“ဟုတ်လား…ကိုကြီးတော်တော်ပင်ပန်းလား”
“ဘာ…”
“ကိုကြီးပင်ပန်းရင်ရွာပြန်အိပ်ပါလားလို့”
“အောင်စု”
အောင်သီဟအသံမာမာနဲ့ခေါ်လိုက်တော့အောင်စုမျက်နှာငယ်လေးနဲ့မော့ကြည့်သည်။
“ကျွန်တော်ဘာပြောမိလို့တုန်း”
အောင်သီဟမျက်ခုံးတွေတွန့်ချိုးထားရာမှစိတ်ကို
ပြန်လျှော့ချသည်။“စုလေး…ကိုကြီးကအပင်ပန်းခံနိုင်တယ်။အခု
ပြောနေတာကစုလေးအတွက်ပြောနေတာ”“ကျွန်တော်ကဘာဖြစ်နေလို့လဲ"
“စုလေးပင်ပန်းနေတာကို ကိုကြီးမကြည့်ရက်
ဘူး။မမြင်ရက်ဘူး။စုလေးဒီလယ်အလုပ်တွေကိုမလုပ်ပါနဲ့တော့”“ကျွန်တော်မလုပ်ရင်အဖေတစ်ယောက်တည်းလုပ်ရမှာပေါ့။ဘယ်နိုင်ပါ့မလဲ"
“အဖေ့ကိုပါမလုပ်ခိုင်းနဲ့တော့စုလေး…စုလေးတို့တစ်အိမ်လုံးကို ကိုကြီးလုပ်ကျွေးမယ်။စုလေးသာကိုကြီးကိုလက်ခံပေး"
ESTÁS LEYENDO
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့