ဇမ္ဗူ နဲ့အောင်သီဟရွာရောက်တော့ညကိုးနာရီထိုးနေပြီ။အောင်စုဆီဖုန်းဆက်ထားတာမို့အောင်စုကရွာထိပ်မှာစောင့်နေသည်။ကားရောက်
တာနဲ့ကားပေါ်တက်ပြီးရွာပြင်လှည်းလမ်းကြီးအတိုင်းရွာတောင်ဘက်ထန်းတောဆီပတ်မောင်းလာခဲ့သည်။ထန်းတောအဝင်ဝတွင်မျက်နှာချင်းဆိုင်မှကားတစ်စီးလာနေသည်။အောင်စုက-“ကိုကြီးမြို့သားအဲဒါကိုအာကာ့ကား"
အောင်သီဟကကားကိုမရှောင်ဘဲအာကာ့ကား
ရှေ့တည့်တည့်ကြီးထိုးရပ်လိုက်သည်။အောင်စုနဲ့ဇမ္ဗူ ကကားပေါ်ကဆင်းပြီးမျက်နှာချင်းဆိုင်ကကားမှန်တံခါးကိုသွားခေါက်သည်။အာကာကကားမှန်ချပြီး-“အောင်စုဘာလဲ"
အောင်စုကဘေးခုံပေါ်မှာမူးနေတဲ့ထနောင်းကို
ကြည့်ပြီး-“နောင်းနောင်းကိုလာခေါ်တာ။နောင်းနောင်းကအစောကြီးမူးနေပြီလား"
အောင်စုမေးလိုက်တော့အာကာမျက်စိမျက်နှာ
ပျက်နေသည်။“အောင်စု…အကိုနောင်းနောင်းကိုခေါ်သွားလို့ရမလား။နောင်းနောင်းကမူးနေတာဆိုတော့လေ"
“ဟုတ်တယ်လေ…မူးနေတာမို့ပြန်ခေါ်မလို့လာတာပဲ။အကိုကဘယ်ခေါ်ချင်လို့လဲ”
“သြော်…အင်း။အကိုလည်းနောင်းနောင်းကိုပြန်ပို့ပေးမလို့ပါ"
“အဲဒါဆိုကျွန်တော်တို့ပဲခေါ်သွားတော့မယ်။တံခါးဖွင့်ပေး"
“သူတို့ကဘယ်သူတွေလဲ"
“အဲဒါခတ္တာရဲ့အဖေလေ။နောင်းနောင်းယောက်ဖ"
“သြော်…ညီလေးအောင်စု"
“အင်းပြော"
“နောင်းနောင်းကမူးရင်သွေးဆိုးတယ်။အကိုသူ့ကိုခေါ်သွားပြီးပြုစုပေးလိုက်မယ်"
“မရဘူး။ဟိုမှာသူ့ယောက်ဖတစ်ယောက်လုံးရှိတယ်။ကျွန်တော်လည်းရှိတယ်။နောင်းနောင်းသွေးဆိုးရင်ကျွန်တော်တို့ဝိုင်းထိန်းမှာပေါ့။တံခါးသာဖွင့်ပေး”
အာကာမတတ်သာတဲ့အဆုံးတံခါးလော့ဖွင့်ပေးလိုက်ရသည်။ဇမ္ဗူ ကမူးနေတဲ့ထနောင်းကိုပွေ့ချီ
ပြီးကားထဲကထုတ်သည်။အောင်စုကသူတို့စီးလာခဲ့တဲ့ကားကိုကားတံခါးဖွင့်ပေးသည်။ဇမ္ဗူ နဲ့
ထနောင်းကနောက်ခန်းထဲမှာထိုင်ပြီးအောင်စုကအောင်သီဟဘေးဝင်ထိုင်သည်။ပြီးတော့ထို
နေရာကနေပြန်ကွေ့လာခဲ့သည်။
BẠN ĐANG ĐỌC
အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့