အခန်း(၉၃)

5.1K 344 17
                                    

ုခြံထဲကအိမ်ကြီးထဲတွင်အောင်သီဟကစုလေးကိုစာသင်ပေးနေသည်။စာသင်ပေးနေရင်းမှသူကအောင်စုကိုမေးလိုက်သည်။

“နောင်းနောင်းကိုစိတ်မပူဘူးလား"

“မပူပါဘူး"

“ဘာလို့မပူတာလဲ"

“ကိုကြီးမြို့သားခေါ်သွားတာလေ။ဘာပူစရာလိုလို့တုန်း”

“အင်း"

ဟုတ်ပါရဲ့။တစ်မျိုးလုံးတစ်ဆွေလုံးအဲလိုတွေးကြတာပဲ။ဘိုးဘိုးဒေါနကိုကြောက်လို့သာဘာမှမ
ပြောကြတာ။ဘိုးဘိုးဒေါနကလည်းသူ့အချစ်ဆုံး
မြေးဆိုတော့ယောက်ျားမပေးစားနိုင်ဖြစ်နေသည်။စုလေးက-

“ကိုကြီးမြို့သားကဘယ်မှာပဲနေနေနောင်းနောင်းကိုကောင်းကောင်းမွန်မွန်ထားမှာပါနော်။ဟုတ်တယ်မို့လား"

“အင်း…”

အောင်သီဟကအင်းလို့ပြောရင်းစာရွက်ပေါ်
တွင်စာတစ်ကြောင်းချရေးလိုက်သည်။

“စုလေးဒါကိုအင်္ဂလိပ်လိုရေး"

အောင်စုဖတ်ကြည့်လိုက်သည်။ရေးထားတဲ့စာ
ကြောင်းက“ကျွန်တော့်သူငယ်ချင်းမှာခွေးဖြူ လေးတစ်ကောင်ရှိတယ်"တဲ့။

“မရေးတတ်ဘူးကိုကြီး"

“ဟင်…စဉ်းစားဦးလေ”

“စဉ်းစားစရာမလိုဘူး။ကျွန်တော်ကအင်္ဂလိပ်လို
ပြောလည်းမပြောတတ်ဘူး။ရေးလည်းမရေးတတ်ဘူး”

“စုလေးမင်းအဲလိုလွယ်လွယ်မပြောနဲ့။မင်းကဦးနှောက်ကိုအသုံးမချဘူး။ငါမသိဘူး…ငါမတတ်ဘူးဆိုတာကိုပဲခေါင်းထဲထည့်ထားတယ်။ဒီစာကြောင်းထဲမှာမင်းမသိတဲ့ဟာပါလားပြန်ဖတ်
ကြည့်"

အောင်စုပြန်ဖတ်ကြည့်သည်။အောင်သီဟက-

“မင်းမသိတဲ့စာလုံးပါရင်ငါ့ကိုပြော…ပါလား"

“ဟင့်အင်း"

“သူငယ်ချင်းကိုဘယ်လိုခေါ်လဲ"

“friend”

“ခွေးကိုဘယ်လိုခေါ်လဲ"

“dog”

“အဖြူ ရောင်ကိုဘယ်လိုခေါ်လဲ"

“white”

“အဲဒီစာလုံးတွေသုံးပြီးဝါကျတစ်ကြောင်းဖြစ်အောင်ရေးပြ။ essay ဆိုတာအလွတ်ကျက်ပြီးဖြေရတာမဟုတ်ဘူး။မင်းစိတ်ထဲတွေးမိတဲ့အရာတွေကိုအင်္ဂလိပ်လိုဝါကျဖွဲ့ပြီးရေးနိုင်ရင်ရပြီ။မင်းအခုစမ်းပြီးရေးကြည့်။မှားသွားရင်ကိုကြီးပြင်ပေးမယ်။ဘာပဲဖြစ်ဖြစ်ရဲရဲဝံ့ဝံ့ချသာရေးလိုက်"

အညာမြေယာခြေတောမှာပျော်ပုံရှာတော့(Completed)(U&Z)အညာမြေယာခြေတောမှာပျော်ပုံရှာတော့Where stories live. Discover now